|| SILENT ||

1.7K 268 47
                                    


*Throw back to 12years ago

《 11 》

THE SMILE ...
THAT PERSON ...

" မလိုက်ချင်ပါဘူးဆို ဦးလေးရာ...
မလိုက်ဘူး .. လုံးဝမလိုက်ဘူး Appaကို
ပြောပေး "

ကုတင်ပေါ်မှာဖြန့်ထားတဲ့
အနောက်တိုင်းဆန်ဆန်ဝတ်စုံကိုကြည့်ရင်း
ကျွန်တော်အတင်းငြင်းမိတော့ အိမ်တော်ထိန်းဦးလေးကြီးက အကြပ်ရိုက်စွာ သက်ပြင်းတွေချနေ၏ ။

ဒီနေ့Appaက မိဘမဲ့ဂေဟာတွေကိုသွားပြီး
ပရဟိတလုပ်မယ်တဲ့လေ ။ ပရဟိတဆိုသော်လည်း
တစ်ဖက်ကကြည့်ရင် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေတာမို့ မဲဆွယ်တဲ့နည်းအနေနဲ့
အသုံးချခြင်းသာဖြစ်သည် ။

ပြဿနာက ထိုကိစ္စမဟုတ် ။
ကျွန်တော့်ကိုပါ Appaကိုမိဘဂေဟာကိုလိုက်ခဲ့ဖို့
ခေါ်နေခြင်းပင် ။

နဂိုတည်းက ဘာသိဘာသာနေတတ်တဲ့
ကျွန်တော့်အကျင့်အရ ကျောင်းပိတ်ရက်တွေဆို
အခန်းအောင်းပြီးဂိမ်းဘဲဆော့နေတတ်သလို Appaရဲ့ကိစ္စတွေမှာ တစ်ခါမှဝင်ပါခဲ့ခြင်းမရှိခဲ့။

အရှိန်အဝါကြီးတယ်လို့သတ်မှတ်ခံရတဲ့
Appaကြောင့်လည်း ကျောင်းမှာအပေါင်းသင်း
နည်းခဲ့ပြီး အခုကျွန်တော့်အသက်၁၀နှစ်အထိ
အိမ်နဲ့ကျောင်း ကျောင်းနဲ့အိမ်ကလွဲရင် လည်ပတ်စရာနေရာမရှိသေး ။

" လိမ္မာပါတယ်ဟျွန်းလေးရယ်~ နော်...
Appaက ဦးလေးကိုစိတ်ဆိုးနေလိမ့်မယ်..
ဒီတစ်ရက်ဘဲလေ Appaနဲ့ဂေဟာကိုအတူတူ
လိုက်သွားလိုက်ပါ "

" .....မလိုက်..ချင်ဘူး "

" အပြီးအစီးပြင်ဆင်ပြီးထွက်ခဲ့ဖို့ ဟျွန်းလေး
Appaကဦးလေးကိုအမိန့်ပေးခဲ့တယ်...
လုပ်ပါနော်.. မဟုတ်ရင်ဦးလေးကိုအလုပ်ထုတ်
လိမ့်မယ်. သားလည်းသိရဲ့သားနဲ့ "

တစွတ်ထိုးဆန်ချင်သော်ညား
တော်တော်စိုးရိမ်နေပုံပေါ်တဲ့ဦးလေးရဲ့အမူအယာကြောင့် ကျွန်တော်ခဏတွေဝေသွားမိတယ်။

Appaအကြောင်းလည်း ကျွန်တော်အသိဘဲ။
ပြောရင်ပြောတဲ့အတိုင်းတကယ်လုပ်တယ် ။
အကယ်၍များ ကျွန်တော့်ကြောင့်နဲ့
ဦးလေးအလုပ်ထုတ်ခံရရင် သူ့ရဲ့မိသားစုအတွက်
စားဝတ်နေရေးကျပ်တည်းမှာအသေအချာ ။

✔《SILENT》✔Where stories live. Discover now