"မောင် ဒီအင်္ကျီအပြာရောထည့်ဦးမှာလားဟင်''
"ထည့်မှာပေါ့ငယ်ရဲ့.. မောင့်ရဲ့ငယ်လေးနဲ့ဆင်တူဝယ်ထားတဲ့အင်္ကျီပဲ..မောင်သယ်သွားရမှာပေါ့''
"ခ်ခ် ဟုတ်ပါပြီ..မောင်! ငယ်အဝတ်ထည့်နေတာကိုအကြောင်းပြပြီးအပျင်းတစ်မနေနဲ့..ရေသွားချိုးတော့ ခရီးစဉ်ကငါးနာရီခွဲဆို...''
"ငယ်ကလည်းကွာ...မောင်မှမင်းကိုကြည့်လို့မဝသေးတာကို..ဟိုရောက်ရင်လွမ်းနေရမှာ..''
ကလေးဆန်ဆန်မောင့်အပြောကြောင့် ဆော့ဂျင်ပြုံးမိသည်။ ကုတင်ပေါ်မှာအင်္ကျီတွေသေချာခေါက်ပြီးခရီးဆောင်အိတ်ထဲထည့်နေတဲ့သူ့ကို နောက်ကခုံမှာခြေချိတ်ထိုင်ရင်း၊မေးကိုလက်နဲ့ထောက်ရင်းကြည့်နေတဲ့ မောင့်မျက်နှာမှာ ပါးချိုင့်နက်တွေဝန်းရံတဲ့အပြုံးတွေနဲ့ပြည့်နေပြန်သည်။
"မောင် ဟိုရောက်ရင်မတည့်တာတွေမစားနဲ့နော် ရေလည်းဂရုစိုက်ပြီးချိုး ငယ်အနားမှာမရှိဘူးဆိုပြီးတော့အားတိုင်း ဘီယာသောက်မနေနဲ့..''
"ဘယ်လိုလုပ်မလည်းငယ် မောင်ကမင်းကိုလွမ်းတိုင်းဘီယာတစ်ငုံသောက်မယ်လို့ဆုံးဖြတ်ထားတာ
လေ...''ပြောပြောဆိုဆိုနဲ့ပဲ နောက်ကနေခါးတစ်ဝိုက်ကိုသိမ်းကြုံးဖက်ပြီး ပုခုံးပေါ်မေးတင်ကာ သူ့ပါးကိုဖိနမ်းလာတဲ့မောင့်ကြောင့် ဆော့ဂျင်ရင်ဖိုရပြန်သည်။ မောင်ကလူကြီးဆန်သလို တစ်ခါတစ်ခါလိုချင်တာမရတဲ့အခါကျရင်လည်း ကလေးလေးလိုစိတ်ကောက်တတ်ပါသည်။
"ငယ်..မောင်နဲ့ရေတူတူချိုးပေးပါလားဟင်...''
"မောင်ကလည်း... ငယ်ဒီမှာလုပ်စရာရှိ..မောင်!!! "
စိတ်မရှည်တတ်တဲ့မောင်ကသူ့ကိုဒူးကနေပွေ့ချီသွားတာမို့လို့ ယက်ကန်ယက်ကန်နဲ့ပါသွားရသည်။
မောင်သိလား မောင့်ကိုငယ်တစ်ခါမှမငြင်းဖူးခဲ့ဘူး။
ရေချိုးကန်ကျယ်ကြီးထဲမှာမောင်နဲ့သူအတူတူထိုင်နေခဲ့သည်။ မောင်ကသူ့အနောက်မှာထိုင်ရင်းသူ့ကိုရင်ခွင်ထဲထည့်လို့ သုံးပတ်တာအတွက်အတိုးချချစ်နေခဲ့သည်။
![](https://img.wattpad.com/cover/191763158-288-k342157.jpg)
ESTÁS LEYENDO
Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨
Fanficချိုမြိန်တဲ့သူ့အနမ်း မှန်းဆဖို့ခက်သည်။ နွေးထွေးတဲ့သူ့အပြုံး ခိုပုန်းဖို့ခက်သည်။ နက်ရှိုင်းတဲ့သူ့အချစ် စိတ်နှစ်ယုံကြည်ဖို့ခက်သည်။