တစ်ယောက်တည်းမို့ထမင်းမချက်တော့ဘဲ နွားနို့သာကြိုသောက်ဖို့ ဆော့ဂျင်မီးဖိုခန်းထဲဝင်လာခဲ့သည်။ နွားနို့ဗူးကိုဖွင့်လိုက်ချိန်မှာပဲ ပျို့တက်လာတဲ့ခံစားချက်ကြောင့် ရေချိုးခန်းထဲ အသားကုန်ပြေးဝင်လိုက်ရသည်။
"ဝေါ့! အဟွတ်! အဟွတ်!"
ဘေစင်မှာခေါင်းမဖော်နိုင်ဘဲ ဆန်တက်လာတဲ့လေတွေကိုသာမျက်လုံးတွေပြာလာတဲ့အထိအန်ထုတ်နေမိသည်။
အန်လို့အပြီးမှာမောဟိုက်သွားတာမို့ သူ မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ဘဲ ရေချိုးခန်းကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ချလိုက်ရသည်။
တစ်ပတ်ရှိပြီ။ ဆေးရုံသွားပြီးဆေးစစ်ချက်တွေပြုလုပ်ပြီးတည်းက ဓာတုကုထုံးတွေနဲ့ဆေးဝါးတွေဒဏ်ကိုမခံတာမို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အခုလိုခံနေရခြင်းပင်။
"Love is nothing stronger~~"
မောင့်အတွက်သီးသန့်ထားထားတဲ့ဖုန်းသံလေးကြောင့် သူအားယူကာထထိုင်လိုက်ပြီး အိတ်ကပ်ထဲဖုန်းလေးကိုထုတ်ကိုင်လိုက်သည်။
"မောင်..."
"ငယ်..နေမကောင်းဘူးလားဟင်.."
"အင်း... နေမကောင်းဘူးမောင်..အရမ်းပင်ပန်းတယ်..မောင့်ကိုလွမ်းတယ်"
"ဟင်! ဖျားနေတာလားငယ် မဖြစ်သေးပါဘူးlap-top ဖွင့်လိုက် မောင်နဲ့video callပြောရအောင်..အခုဖွင့်လိုက်ငယ်..."
"ဟုတ်...."
နေမကောင်းဖြစ်နေချိန်မှာမောင့်အသံကိုကြားလိုက်ရတော့ ဆော့ဂျင်ငိုချချင်လာသည်။ ပင်ပန်းမွန်းကြပ်နေသမျှမောင့်ရင်ခွင်ထဲပြေးဝင်ပြီးငိုချလို့ဖွင့်ထုတ်လိုက်ချင်သည်။
ကုတင်ပေါ်မှာခပ်လျှောလျှောထိုင်ပြီး lap-top ဖွင့်လိုက်တော့ လွမ်းနေရတဲ့မောင့်မျက်နှာကိုမြင်လိုက်ရသည်။
"မောင်..ဟင့် "
"ငယ်.!ငယ်ဘာဖြစ်တာလည်း..!!မောင့်ကိုပြောစမ်း! ဘာဖြစ်တာလည်း.."
"လွမ်းတယ်မောင်..အရမ်းလွမ်းတယ်..ဟင့် ပြီးတော့ ပင်ပန်းတယ်.."
YOU ARE READING
Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨
Fanfictionချိုမြိန်တဲ့သူ့အနမ်း မှန်းဆဖို့ခက်သည်။ နွေးထွေးတဲ့သူ့အပြုံး ခိုပုန်းဖို့ခက်သည်။ နက်ရှိုင်းတဲ့သူ့အချစ် စိတ်နှစ်ယုံကြည်ဖို့ခက်သည်။