[Zawgyi]
ဆေးရုံကုတင်ထက်တွင်မေ့မြောနေသောကလေးငယ်ကိုကြည့်ပြီး မင်ဝူးအသံတိတ်ငိုမိသည်။ လက်ဖျားလေးကိုဆုပ်ကိုင်ကာ နှုတ်ခမ်းလေးနဲ့ထိကပ်ထားရင်း ကလေးငယ်မျက်နှာပေါ်ကခြောက်ခါစ မျက်ရည်စီးကြောင်းလေးကို သူ့လက်ချောင်းတွေနဲ့ အသာထိတွေ့ကြည့်မိသည်။"သူ့ကိုအဲလောက်တောင်ချစ်တာပဲလားကလေးရယ်..ဟင်...ကိုယ်တို့လိုက်မမီနိုင်အောင်ချစ်ခဲ့လို့..အခုလိုသေမတတ်နာကျင်နေရတာမလား...ကိုယ်ဘယ်လိုလုပ်ပေးမှ...ကလေးငယ်ပျော်လာနိုင်မှာလည်းကွာ..."
မင်ဝူးလည်းရင်မနာဘဲနေပါ့မလား။
အရာရာထက်ချစ်လို့ အသေးစိတ်ဂရုစိုက်လာရတဲ့ကလေးငယ်ဟာ သူ့ရင်ကိုခြေစုံကန်ပြီး ဆူးတစ်ချောင်းကို ရင်ထဲမှာ နင့်နင့်နဲနဲပွေ့ပိုက်ထားသည်မို့ မင်ဝူးလည်း သေလုမတတ်ကိုနာကျင်ရပါသည်။
သို့သော်..သူတောင်ဒီလောက်ရင်နာရတာ သုံးနှစ်လုံးလုံးအနစ်နာခံပြီး ချစ်လာတဲ့ကလေးငယ်ဆို ကင်မ်နမ်ဂျွန်းကို ဘယ်လောက်တောင်ချစ်လိုက်မလည်း သူနားလည်ပါသည်။
ချစ်တယ်ကလေး..ချစ်တာမို့လို့ နားလည်ပေးထားဦးမယ်...။
ခြေစုံကန်မယ်မှန်းသိနေရဲ့သားနဲ့ မင်းကန်မယ့်ခြေဖဝါးလေးတွေကို ထွေးပိုက်ခွင့်ကိုတော့ကိုယ်လောဘတက်ပါရစေကွယ်...။"အင်းးး..ဟင်းးး...ကင်မ်..နမ်...ဂျွန်း..."
"ကလေး..ကလေးလေး..သတိရလာပြီလား.ကိုယ့်ကိုမြင်ရလားကလေး.."
"ကိုကို....ကျွန်တော်....အာ့.."
မျက်ခွံရဲရဲလေးတွေပွင့်ပွင့်ချင်းသတိရရေရွတ်သောသူဟာ မိမိမဟုတ်သည်ကိုတော့ မင်ဝူးထွေထူးပြီး ခံစားမနေတော့ပါ။ သူဟာကလေးငယ်ရင်ထဲမှာ ဘယ်တုန်းကမှအရေးတယူရှိခဲ့ဖူးတာမဟုတ်။
မိမိကိုအရေးတယူရှိနေဖို့ထက် ကင်မ်နမ်ဂျွန်းကိုအရေးတယူမလုပ်စေဖို့က ပိုအရေးကြီးပါသည်။သူရှိနေရဲ့သားနဲ့တော့ ထပ်ပြီးကလေးကို ဒုက္ခတွင်းထဲတွန်းမပို့နိုင်တော့ပါ။
နိုးလာသောဆော့ဂျင်ဟာ မင်ဝူးရဲ့လက်တွေကနေအသာရုန်းပြီး ကုတင်ပေါ်မှာဖြေးဖြေးချင်းထထိုင်သည်။
YOU ARE READING
Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨
Fanfictionချိုမြိန်တဲ့သူ့အနမ်း မှန်းဆဖို့ခက်သည်။ နွေးထွေးတဲ့သူ့အပြုံး ခိုပုန်းဖို့ခက်သည်။ နက်ရှိုင်းတဲ့သူ့အချစ် စိတ်နှစ်ယုံကြည်ဖို့ခက်သည်။