Part(11)(Zawgyi+Unicode)

5.6K 668 308
                                    

နိုးထလာတဲ့မနက်ခင်းဟာ အရင်လိုကြည်နူးဖွယ်မရှိ။

ပိန်လိမ်နေတဲ့ဘီယာဘူးတွေနဲ့ရေသန့်ဘူးတွေက အခန်းကြမ်းပြင်မှာ ဟိုတစ်စသည်တစ်စ။

ရင်ထဲအောင့်တက်လာသည်မို့ ဆော့ဂျင် ရင်ဘတ်လေးကိုဖိကာ ကုတင်ပေါ်ကနေ အားယူပြီးထလိုက်သည်။
ကိုယ်ဝန်ပျက်ကျခဲ့တဲ့ဒဏ်က စိတ်ဖိစီးမှုများလွန်း၍ထင်သည်၊ ဝမ်းဗိုက်နေရာစူးနစ်နေအောင် နာကျင်နေသည်။

"မောင်...ဘယ်သွားနေပြန်တာလည်း..."

အခန်းထဲကနေဖြည်းဖြည်းထွက်ကာ အပေါ်ထပ်တစ်ခုလုံး နှံ့နေအောင်ရှာပေမယ့် မတွေ့။ရေချိုးခန်းကစိုရွဲနေသည်မို့ မောင်စောစောနိုးပြီး အပြင်များထွက်သွားလေသလား။

"အားး...နာလိုက်တာ...ကျွတ်ကျွတ်ကျွတ်..."

လှေကားကနေအဆင်းမှာ ဗိုက်ကမခံမရပ်နိုင်အောင်အောင့်လာသည်မို့ ဆော့ဂျင် လှေကားလက်ရန်းကိုဆုပ်ကိုင်ကာ လှေကားထစ်မှာတင် ထိုင်ချလိုက်ရသည်။

"မောင်....ဘယ်မှာလည်းမောင်ရယ်....မီလယ်နဲ့များပြသနာတက်နေတာလားဟင်..."

ရူးပဲရူးသွားလေသလား သူ့ကိုယ်သူလည်းဝေမခွဲတတ်တော့။

နဖူးထက်ကချွေးစလေးတွေကိုသုတ်ပြီး အားယူကာ မတ်တပ်ရပ်လိုက်သည်။
အကယ်၍များ မောင်အပြင်ကပြန်လာရင် အဆင်သင့်စားနိုင်ဖို့ မနက်စာပြင်ပေးရဦးမည်မဟုတ်ပါလား။

မီးဖိုခန်းထဲဝင်ကာ မောင်သိပ်ကြိုက်တဲ့ ကင်မ်ချီထမင်းကြော် ကြော်ဖို့ ပြင်နေလိုက်သည်။

ဒယ်အိုးလေးကိုမီးဖိုပေါ်အတင်မှာပဲ လေတစ်ချွန်ချွန်နဲ့အိမ်ထဲဝင်လာတဲ့ မောင့်ခြေသံကိုကြားလိုက်ရသည်။

နမ်ဂျွန်းဟာလည်း ဧည့်ခန်းထဲဝင်ထိုင်လိုက်သည်မို့ မီးဖိုခန်းထဲကဆော့ဂျင်ကို ရုတ်တရက်မတွေ့ခဲ့။

"ကိုကို့ကိုခွင့်လွှတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်သဲလေးရယ်..ကိုကိုအများကြီးကြိုးစားမယ်နော်..ဒီကိစ္စအတွက်လည်း ကိုကိုတောင်းပန်ပါတယ်ကွာ..."

အသံmessageပို့နေတဲ့နမ်ဂျွန်းကတော့ ညကဘာမှမဖြစ်ခဲ့သလို ပြုံးရယ်နေပေမယ့် ဆော့ဂျင်ရဲ့ မျက်ရည်စက်တွေကတော့ ထမင်းစေ့လေးတွေကြားမှာ ကွယ်ပျောက်ကုန်သည်။

Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨Unde poveștirile trăiesc. Descoperă acum