Part(8)(Zawgyi+Unicode)

4.6K 559 209
                                    

နိုးထလာသောမနက်ခင်းလေးက ရာသီဥတုအနည်းငယ်စိမ့်အေးနေပေမယ့် ဆော့ဂျင်ကိုတော့ နွေးထွေးမှုလေးတစ်ခုက လွှမ်းခြုံထားသလိုပင်။

"အင်းးး ဟင်းးး မောင်"

ကိုယ်ပေါ်မှာလေးပင်နေသည်ကြောင့် ကျိန်းစက်နေသောမျက်ဝန်းတွေကို အားယူဖွင့်ကြည့်တော့ မောင်က သူ့ဘေးမှာ သူ့ကိုဖက်ပြီးအိပ်မောကျနေလေသည်။

"မောင်ရယ်....ငယ် ချစ်လိုက်တာဗျာ...."

မောင့်နဖူးလေးကိုတစ်ချက်နမ်းလိုက်ပြီး မောင့်လက်လေးကို မနိုးစေရအောင် အသာဖယ်ချကာ ဆော့ဂျင် ရေချိုးခန်းထဲဝင်လာခဲ့သည်။

"အီးးးး ဝှားးးး ဟင် ငယ်ရော ငယ်ရေ..."

"မောင် ငယ်ရေချိုးခန်းထဲမှာ "

"အာ အင်းပါ အေးဆေးလုပ် ငယ် "

နိုးနိုးချင်းငယ့်ကိုမတွေ့လို့စိတ်ပူသွားရပေမယ့် ရေချိုးခန်းထဲက ငယ့်အသံကြားမှ နမ်ဂျွန်းသက်ပြင်းချမိသည်။

"ငယ်ကရေချိုးခန်းမှာဆိုတော့ မီလယ့်ဆီဖုန်းဆက်လို့ရပြီပဲ "

ဖုန်းကိုကောက်ယူကာ နမ်ဂျွန်းဝရန်တာဘက်ထွက်လာခဲ့ပြီး မီလယ့်ဆီက မနက်ခင်းအတွက် တီတီတာတာစကားလေးတွေလက်ခံနေလိုက်သည်။

"သဲလေး မမေ့ပါဘူးဗျာ ကိုကိုကိုယ်တိုင်သွားရွေးပေးမှာ "

...

"ဒါပေါ့ ဆင်တူနှစ်ကွင်း ဟုတ်ပြီလား အချွဲလေး "

....

"ဟားးဟားး ဟုတ်ပါပြီပေါက်စလေးရဲ့..."

"မောင်....."

ရေချိုးခန်းထဲကထွက်ထွက်ချင်း မောင့်ကိုသုံးလို့ရပြီလို့ ပြောမလို့ပြင်လိုက်ပေမယ့် သူ့အသံက လည်ချောင်းဝမှာတင် ပျောက်ရှသွားရသည်။

ပါးချိုင့်တွေနက်ဝင်ကာ ကျောပြင်တစ်ခုလုံးလှုပ်ခါသည်အထိ ရယ်နေပါသောမောင်။

"မောင်နဲ့ဖုန်းပြောနေတဲ့သူကို ကျေးဇူးတင်လိုက်တာမောင်ရယ်... ငယ့်ကြောင့်မောင်စိတ်ညစ်နေရတာတွေကို ဖျောက်ပေးလို့ကျေးဇူးတင်လိုက်တာ...."

Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨Nơi câu chuyện tồn tại. Hãy khám phá bây giờ