Part(12)(Zawgyi+Unicode)

5.2K 665 376
                                    

{A/N=အရင်တုန်းက မောင်ဟာ ငယ့်ကိုမီလယ်နဲ့နှိုင်းခဲ့တာတွေကို ဘေဘေးလေးက စာအနေနဲ့ပဲရေးခဲ့ပါတယ်။အခုငယ့်အလှည့်မှာလည်း စကားပြောနဲ့မဟုတ်ဘဲ စာနဲ့ပဲရေးပေးထားပါတယ်။

ကဲ....မောင့်ကိုဟားတိုက်ဖို့Readyပဲလား...?}

#####

######
သုံးလခန့်ကြာသော်......

ကြီးကျယ်ခမ်းနားကာ နန်းတော်ကြီးတမျှလှပလွန်းသောအိမ်ကြီးတွင် ရယ်သံများဖြင့် ဆူညံပွက်နေလေသည်။

"ဟားးဟားး..ကိုကို!!မစနဲ့တော့လို့ဆို!!"

"အိုက်ဂူးး အဲ့လိုပြောလေကျုပ်ကစချင်လေပဲဗျာ..လာခဲ့!!"

"ကိုကို!!တော်ပြီလို့..ဟားဟား..ယားတယ်ကိုကို.."

ဧည့်ခန်းကျယ်ကြီးတွင်လူးလှိမ့်ကာရယ်နေသောကောင်လေးနှစ်ယောက်။

တစ်နည်းအားဖြင့် ကလိထိုးကာပါးကိုမရမကဆွဲဖဲ့နေသောမင်ဝူးနဲ့ မင်ဝူးစသမျှကို ကြွေပြားဖြူဖြူပေါ်တွင်လှိမ့်ကာ အားပါးတရရယ်နေသောဆော့ဂျင်။

"ချွေးတွေချည်းပဲဗျာ..ကျုပ်ကလေးက တကယ်ကျညစ်ပတ်အိုးလေးပဲ.."

"ကိုကိုကလိလိုက်ထိုးနေလို့ဟာကို..ဟွန့်!!"

ဖွေးဥကာပြည့်ဖောင်းလာသော မျက်နှာနုနုလေးကို အင်္ကျီလက်ရှည်အစနဲ့သုတ်ပေးရင်း မင်ဝူးပြုံးလိုက်သည်။

ဒီသုံးလအတွင်း ကလေးငယ်ရဲ့စိတ်ဒဏ်ရာတွေပြေပျောက်ဖို့ မင်ဝူးအခါခါကြိုးစားခဲ့ရသည်။

ကင်မ်နမ်ဂျွန်းတန်ဖိုးမထားခဲ့သလောက် သူကတော့ ဆော့ဂျင်ကိုအရိပ်တကြည့်ကြည့်နဲ့ ခြင်လေးတစ်ကောင်တောင် အကိုက်မခံသည်အထိ ဂရုစိုက်ပေးခဲ့သည်။

"လာ..ဒီမှာထိုင်တော့ကလေး.."

"ကိုကို...ကလေးလေသင်တန်းမသွားချင်ဘူး..."

ကိုကို့လက်နှစ်ဖက်ကြားမှာ သူ့ကိုယ်လေးကစွေ့ခနဲပါသွားရကာ ဆိုဖာကြီးပေါ်မှာတူတူထိုင်ပြီး ကိုကို့ရင်ခွင်ထဲတိုးဝင်ကာ ဆော့ဂျင်ချွဲလိုက်မိသည်။

တခြားသူတွေနဲ့ဆို အရယ်အပြုံးမရှိသောကိုကိုက သူ့ကိုဆိုလျှင် နူးနူးညံ့ညံ့လေးပြုံးပြတတ်သည်။

Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨Où les histoires vivent. Découvrez maintenant