Thank&Note

3.2K 324 99
                                    

ပထမဦးဆုံးအနေနဲ့..ပြောချင်တာက..။

နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ်TOLကိုဖတ်ရင်းခံစားခဲ့ရတဲ့ခံစားချက်တွေ..ထင်မြင်ချက်တွေနဲ့ဝေဖန်ချင်တာတွေအကုန်ကိုအမှတ်တရလေးရေးပေးခဲ့ပါလားဟင်...တန်ဖိုးအထားရဆုံးFicလေးမို့လို့စာဖတ်တဲ့သူတွေပြောတာလေးတွေကိုအမှတ်တရသိမ်းထားချင်လို့ပါရှင့်😍😭❤️💜❣️။

အမှတ်တရလေးကိုပြောပြီးကြရင်..ဇာတ်လမ်းတစ်ခုလုံးကိုခြုံကြည့်ကြရအောင်နော်...။

ဇာတ်သိမ်းဟာစရေးတည်းကတွေးခဲ့ပြီးသားဇာတ်သိမ်းလေးပါ...ဒီလိုအထိတောက်လျှောက်ဆွဲခေါ်လာဖို့ပြင်ခဲ့ပြီးသားပါ..အဲ့ဒါကြောင့်ဇာတ်သိမ်းမှာပေါ့သွားခဲ့ရင်ပထမဦးဆုံးတောင်းပန်ချင်ပါတယ်ရှင့်💙

ဇာတ်သိမ်းကHEလုပ်ခဲ့တာပါ...သေချာတွေးကြည့်ရင်HEပါ..။
ဘေဘေးပေးချင်တဲ့Messageကတော့ရှင်းပါတယ်..

အဆုံးသတ်မှာချစ်သူနှစ်ဦးကပျော်ရွှင်စွာပေါင်းဖက်ရလေသတည်းဆိုတာကမှHappyEndingမဟုတ်ဘူးဆိုတာကိုပြချင်တာပါ...။

နောက်ပြီးဇာတ်သိမ်းမှာဘေဘေးကိုယ်တိုင်ရော၊စာဖတ်သူတွေရောကိုဘေဘေးတကယ်မတွေးခဲ့ဘဲနဲ့..ကာရိုက်တာတွေကိုပဲဘေဘေးဦးစားပေးခဲ့ပါတယ်။ဘေဘေးတို့အတွက်ပျော်ရမှာထက်သူတို့ပျော်ရမယ့်လမ်းတွေချည်းရွေးထည့်ခဲ့ပါတယ်..။

အဲ့အတွက်အဆင်မပြေဖြစ်လည်းဘေဘေးအားနာတာကလွဲပြီးမရှိပါဘူး..HappyEndingဆိုတာ..ဘ၀တွေမှာအဆင်ပြေသလိုပျော်နေရင်ရပါပြီလို့ခံယူချက်နဲ့ရေးခဲ့တာမို့လို့ပါရှင့်💜💜

ဒီFicတစ်ခုလုံးရဲ့အဓိကဇာတ်ကောင်ကမောင်ပါ..မောင်ကအဓိကပါ။
မောင်ကအတ္တတွေနဲ့မှားခဲ့တာကိုအားလုံးသိပြီးကြမှာပါ..အဲ့ဒီ့အတွက်မောင်ကသူ့နှလုံးနဲ့အသည်းကိုငယ့်အတွက်ပေးခဲ့ပါတယ်..။ငယ့်ခြေထောက်လေးကိုသူ့နဖူးမှာထိတိုက်ပြီးတောင်းပန်ခဲ့ပါတယ်...။

မောင်ကသေသွားတာတောင်ငယ့်ကိုပိုင်ဆိုင်ခဲ့ပါတယ်...ငယ့်ကျန်ရစ်တဲ့ဘ၀တစ်ခုလုံးမှာမောင်ကငယ့်ကိုအပိုင်သိမ်းနိုင်ခဲ့တာပါ..။သိပ်ဥာဏ်ပြေးတဲ့မောင်က..ငယ့်ကိုအတ္တကြီးကြီးနဲ့သူသေသွားတာတောင်လက်မလွှတ်ချင်ခဲ့ပါဘူး...။

Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨Where stories live. Discover now