Part(1)(Zawgyi+Unicode)

7.7K 661 77
                                    

နေရောင်ခြည်က ခမ်းနားတဲ့နှစ်ထပ်အိမ်ကြီးထဲဝင်ရောက်လို့လာသည်။

အပေါ်ထပ်ရှိခရမ်းနုရောင်ခန်းစီးလိုက်ကာလေးနှင့်အခန်းလေးကတော့ တိတ်ဆိတ်နေဆဲဆိုပေမယ့် မကြာခင်မှာအသက်ဝင်လာဟန်ရှိသည်။

ခါးတစ်ဝိုက်ကခပ်တင်းတင်းအထိအတွေ့ကြောင့် ဆော့ဂျင်မလူးလွန့်သာပဲ
နိုးထလာခဲ့ရသည်။ ခါးထက်ကလက်တစ်စုံရဲ့ပိုင်ရှင်ကတော့အပြစ်ကင်းစင်စွာအိပ်ပျော်နေ
လေသည်။

"Good Morning ပါမောင်...''

ပြေပြစ်တဲ့မောင့်နဖူးပြင်ကိုနှုတ်ခမ်းလေးနဲ့ခပ်ဖွဖွထိတွေ့လို့ဆော့ဂျင်ထထိုင်လိုက်သည်။ ကုတင်အပေါ်အောက်ပြန့်ကျဲနေတဲ့သူတို့အင်္ကျီတွေကို လုံး
ထွေးကောက်ယူရင်း ရေချိုးခန်းထဲဝင်သွားခဲ့သည်။

အဝတ်လျှော်စက်ထဲထည့်လှိမ့်ရင်းရေကိုခပ်မြန်မြန်ချိုးလိုက်သည်။

မောင်ကဒီနေ့မနက်ကင်မ်ချီထမင်းကြော်စားချင်တယ်လို့ပြောထားသည်မ
လား။

မောင်နိုးလာရင်အဆင်သင့်ချိုးဖို့ရေနွေးပါစပ်ပေးခဲ့ရင်းသွားတိုက်တံပါအသင့်ပြင်ပေးထားခဲ့သည်။
အဝတ်လဲပြီးတဲ့အချိန်ထိမောင်ကမနိုးသေးတာမို့လို့ အိမ်အောက်ထပ်ကိုပြေးဆင်းရင်း ထမင်းကြော်ဖို့ပြင်လိုက်သည်။

"ငယ်...''

"အိပ်ပုတ်ကြီး...ရေချိုးခဲ့ပြီးပြီလား..''

"အင်းး ရေချိုးကန်ထဲဝင်စိမ်ပြီးထွက်လာတယ်..အဲ့ဒါဆိုရပြီမလား..''

"ခစ်ခစ် မောင်ကလည်း ကလေးကျနေတာပဲ သွားထိုင်နေဦး..ထမင်းပြင်ပေးမယ်..''

စူပုတ်ပုတ်နဲ့အိမ်ရှင်ထီးလေးရဲ့ခါးသေးသေးလေးကိုသိမ်းကြုံးဖက်လို့ ပုခုံးပေါ်မေးတင်ရင်း နမ်ဂျွန်းတကောက်ကောက်လိုက်နေမိသည်။

"မောနင်းးးကစ်စ်...မွ''

"မောင်ကွာ....''

နမ်ဂျွန်း ဆော့ဂျင်ရဲ့ပါးလေးကိုတစ်ချက်ဖိနမ်းလိုက်တော့ ဟိုကထမင်းကြော်ပြီးသားဒယ်ပြားကိုထောင်ပြလာသည်။

ဒယ်ပြားကိုတော့ကြောက်ရသူမို့လို့ ထမင်းစားပွဲမှာငြိမ်ငြိမ်လေးထိုင်ရင်း
ချစ်ရသူလေးရဲ့အပြုအမူတစ်ခုချင်းစီတိုင်းကိုကြည့်နေမိသည်။

Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨Where stories live. Discover now