(C/N..Zawgyi ကအောက်မှာပါနော်။)
လက်ကဓားနဲ့ဖြတ်ထားသောဒဏ်ရာတွေဟာ တဆစ်ဆစ်နဲ့ကိုက်ခဲလာပေမယ့် လက်ထဲက ဆေးထုပ်အဖြူလေးကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေမိသည်။
"အနည်းဆုံးတော့..မင်း မောင့်ကိုသံယောဇဉ်မပြတ်သေးဘူးပဲငယ်.."
ဆေးထုပ်လေးကိုလက်မှာကျစ်ကျစ်ပါအောင်ကိုင်ကာပြုံးမိပေမယ့် ငယ်ခိုလှုံနေတဲ့ရင်ခွင်ကိုတွေးမိတော့ ဒေါသနဲ့နာကျင်မှုတွေက အလိုလိုစိုးမိုးလာသည်။
ငယ်ဟာသူမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့ပျော်နေပြီဆိုတာကို သူလက်မခံနိုင်သေးပါ၊မဟုတ်သေး၊ လက်ခံဖို့ခဲယဉ်းလွန်းနေသည်။
ငယ်တစ်ခါပြုံးတိုင်း သူ့ရင်တွေစုတ်ပြတ်မတတ်နာကျင်ရသည်မို့ ငယ်ဟာသူ့ကိုမရယ်မပြုံးနိုင်အောင် ကျိန်စာများတိုက်ခဲ့လေသလား။
အိမ်ထဲ၀င်၀င်ချင်းluggageကိုပစ်ချလိုက်ပြီး ခုံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
"ပင်ပန်းလိုက်တာ.."
မျက်ခုံးရိုးတွေကိုနှိပ်နယ်ကာမျက်စိကိုစုံမှိတ်ထားမိတော့ အာရုံမှာလည်း ငယ်နဲ့ငယ့်ကိုပွေ့ဖက်ထားတဲ့ထိုလူကသာ အတွေးတွေထဲတ၀ဲလည်လည်ပင်။
"မောင့်အတွေးတွေထဲထပ်၀င်မလာပါနဲ့တော့ငယ်ရယ်..မောင့်ကိုမင်းဒီလောက်နှိပ်စက်နေတာမကျေနပ်နိုင်သေးလို့လားကွာ.."
နာကျင်စူးအောင့်လာတဲ့ရင်ဘတ်ကို လက်သီးဆုပ်နဲ့ထုရင်း သူတစ်ယောက်တည်း အိမ်ခန်းထဲမှာ အသံတိတ်ငိုနေမိသည်။
ပျော်ရမယ်ထင်လို့ငယ့်ကိုလက်လွှတ်ခဲ့ပြီးမှ ငယ်ဟာသူ့ကိုဒီလိုချောင်ပိတ်ရိုက်လာလိမ့်မယ်လို့ နမ်ဂျွန်းမတွေးခဲ့ဖူးပေ။
ငယ်ဟာလှပလွန်းသလောက် မထင်မှတ်ထားလောက်အောင် ရက်စက်တတ်ပါသေးသည်။
အခုတော့ သူ့မှာလက်ကဒဏ်ရာနည်းတူနှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်ကာ သွေးစိမ်းရှင်ရှင်စီးကျနေသလိုခံစားရ၏။
"မောင်..မောင်ကဘာတွေမှားခဲ့လို့ အခုလိုနာကျင်နေရတာလည်းငယ်ရယ်..."
YOU ARE READING
Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨
Fanfictionချိုမြိန်တဲ့သူ့အနမ်း မှန်းဆဖို့ခက်သည်။ နွေးထွေးတဲ့သူ့အပြုံး ခိုပုန်းဖို့ခက်သည်။ နက်ရှိုင်းတဲ့သူ့အချစ် စိတ်နှစ်ယုံကြည်ဖို့ခက်သည်။