မနက်ကိုးနာရီထိုးတဲ့အထိ မနိုးသေးတဲ့မောင့်ကိုကြည့်ပြီး ဆော့ဂျင် သက်ပြင်းအခါခါချမိသည်။
ဒီလိုကလေးဆန်တဲ့ မောင့်အတွက် အခုလက်ရှိမောင့်ချစ်သူနဲ့ အဆင်မှပြေနိုင်မလားဆိုတဲ့ စိတ်တွေက သူ့ကိုနှိပ်စက်သည်။လက်လွှတ်ပေးခဲ့ပြီးမှ မောင်သာဆင်မပြေဘဲ ပင်ပန်းနေရရင် သူရူးသွားနိုင်သည်။မောင်ပင်ပန်းရတာ သူတစ်ယောက်တည်းနဲ့တင် လုံလောက်နေပါပြီ။
"မောင်ရယ်...မောင့်ကောင်မလေးနဲ့မောင်...အဆင်မှပြေပါ့မလားဟင်.."
အိပ်ထားသည့်အရှိန်ကြောင့် ဖောင်းအစ်နေတဲ့မောင့်ပါးလေးကို သူ့လက်ချောင်းလေးတွေနဲ့ ပွတ်သပ်လိုက်ပြီး နဖူးလေးကိုဖိနမ်းလိုက်သည်။
"မောင်နိုးရင်ခေါင်းကိုက်မှာ..ပဲပင်ပေါက်ဟင်းရည်လေးချက်ပေးရမယ်.."
ပူလောင်မွန်းကြပ်နေတဲ့ ရင်ဘတ်လေးကို လက်လေးနဲ့ဖိချေရင်း ဆော့ဂျင် အောက်ထပ်ကိုဆင်းလာခဲ့သည်။
ဆူပွက်နေတဲ့ဟင်းရည်အိုးကိုငေးပြီး သူ့ဘောင်းဘီအိတ်လေးထဲက အဖြူအမည်းပုံလေးကို ဆော့ဂျင် ထုတ်ကြည့်နေမိသည်။
မောင်မလိုချင်ခဲ့တဲ့ကလေးလေး။သူအသုံးမကျလို့ ဆုံးရှူံးလိုက်ရတဲ့ မောင့်ကိုယ်ပွားလေး။
"ကလေးလေးရယ်...ကလေးလေးသာရှိရင်...ဖေဖေလေ..မင်းDaddyကိုဆွဲထားနိုင်ဦးမှာ...."
သေးငယ်တဲ့ပုံရိပ်လေးကို လက်နဲ့ထိကြည့်ပြီး သူ့မျက်ဝန်းမှာမျက်ရည်တွေ ဝေ့၀ဲလာပေမယ့် ဆော့ဂျင်မငိုမိတော့။
သူသာငိုရင် မောင်ဝဋ်လည်မယ်ဆိုတာ ဆော့ဂျင်ကောင်းကောင်းသိသည်လေ။ မောင့်ဘ၀တစ်လျှောက်လုံး အပျော်တွေပဲခံစားရဖို့ သူ့ဒဏ်ရာတွေကို ကွယ်ဝှက်ပြီးပြုံးထားမိသည်။
"ငယ်......."
"မောင်..နိုးလာပြီလား...."
အနောက်ခပ်လှမ်းလှမ်းက ကြားလိုက်ရတဲ့အသံကြောင့် ဆော့ဂျင်ဓာတ်ပုံလေးကို အမြန်ဖွက်ပြီးလှည့်ကြည့်လိုက်တော့ မီးဖိုခန်းအ၀ကနေ ခေါင်းကုတ်နေတဲ့မောင်က စူပုတ်ရှုံ့တွနေသည်။
YOU ARE READING
Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨
Fanfictionချိုမြိန်တဲ့သူ့အနမ်း မှန်းဆဖို့ခက်သည်။ နွေးထွေးတဲ့သူ့အပြုံး ခိုပုန်းဖို့ခက်သည်။ နက်ရှိုင်းတဲ့သူ့အချစ် စိတ်နှစ်ယုံကြည်ဖို့ခက်သည်။