{A/N..ကိုကိုသီချင်းဆိုတာပါပါတယ်..ကိုကို့သီချင်းကြောင့်မငိုကြေးပါနော်}
###
ကျိန်းစက်နေသောမျက်ဝန်းတစ်စုံနဲ့ ကိုက်ခဲနေသောခေါင်းကြောင့် နမ်ဂျွန်းအိပ်ရာကနေမထနိုင်။
အအေးမိခြင်းကြောင့် ရုတ်တရက်ကြီးအဖျားတွေတက်လာသလို ခရီးစဉ်ကလည်း ဘယ်လိုမှဖျက်လို့မရတော့သည်မို့ ပိုပိုပြီးပင် သွေးတိုးလာသလိုခံစားရသည်။ထို့အတူပင် ညနေပိုင်းခရီးစဉ်ရှိသောမီလယ်မှာလည်း မှန်တင်ခုံအဖြူပေါ်တွင်ထိုင်ကာ Creamတွေထိုင်လိမ်းနေသည်မို့
နမ်ဂျွန်းမှာခေါ်ရအခက်။"သဲလေး..ကိုယ့်ကိုဆေးလေးတိုက်ပါလား...ညက အအေးမိသွားတယ်ထင်တယ်.."
"သိသားပဲ..ကိုကိုက ညဆိုစောင်မှမခြုံတာ..ခြေအိပ်လည်း မစွပ်ဘူးလေ..ကိုကိုမှမဖျားရင် ဘယ်သူဖျားမလည်းလို့"
"အင်းပါသဲလေးရာ..ကိုကိုခြေအိပ်မစွပ်ထားလည်း သဲလေးယူစွပ်ပေးတာမဟုတ်ဘူး.."
နမ်ဂျွန်းရဲ့စကားကြောင့် မီလယ်ကထလာပြီး ကုတင်ပေါ်ဝင်ထိုင်ကာ နမ်ဂျွန်းကိုသိုင်းဖက်ထားပြီး လည်တိုင်ကြားဆီ အနမ်းတွေခြွေနေတော့သည်။
"မီလယ်လည်းအိပ်ရေးမ၀လို့ပါ ကိုကိုရယ်..အစတည်း ကိုကို့ဟာကိုကိုသတိထားရမှာပေါ့..."
နမ်ဂျွန်းရဲ့ရင်ထဲမှာ ကျဉ်ရှရှလေးခံစားလိုက်ရသလို မျက်လုံးထဲတန်းမြင်မိတာငယ်။
ငယ်ဟာ ညဘက်တွေမှာ ညနက်သန်းခေါင်လည်း သူ့ကိုစောင်သေချာခြုံပေးပြီး သူ့ခြေဖဝါးတွေကိုစမ်းကာ ခြေအိတ်ဝတ်ပေးခဲ့ဖူးသည်။
ထို့အတူပင် သူနေမကောင်းတိုင်း ပိုအနေခက်မှာစိုးလို့ဆိုပြီး အခုမီလယ့်လို ပွတ်သီးပွတ်သပ်လည်းမနေတတ်ခဲ့။မောင်...သတိရလိုက်တာငယ်ရယ်။
"သဲလေး..ကိုယ့်ကိုဆေးတိုက်ပါဦးကွာ...ကိုယ်တွေလက်တွေက ကိုက်လို့သေတော့မယ်.."
"အိုက်ဂူးး..တိုက်မှာပေါ့ကိုကိုရဲ့.."
သူတောင်းတောင်းပန်ပန်နဲ့ပြောမှ မီလယ်ကထသွားပြီး ဆေးလုံးလေးတွေကို လက်ထဲထည့်ပေးကာ သောက်စေသည်။
ပြီးတော့ အင်္ကျီအဟောင်းတွေကို အိတ်တအိတ်ထဲထည့်ကာ နမ်ဂျွန်းနှုတ်ခမ်းကို ဖြတ်ခနဲလာနမ်းသည်။
![](https://img.wattpad.com/cover/191763158-288-k342157.jpg)
BINABASA MO ANG
Trip Of Love {ချစ်ခရီးစဉ်}🚨COMPLETED🚨
Fanfictionချိုမြိန်တဲ့သူ့အနမ်း မှန်းဆဖို့ခက်သည်။ နွေးထွေးတဲ့သူ့အပြုံး ခိုပုန်းဖို့ခက်သည်။ နက်ရှိုင်းတဲ့သူ့အချစ် စိတ်နှစ်ယုံကြည်ဖို့ခက်သည်။