Ex ❷

1.3K 102 0
                                    

Unicode

*ကျွန်တော်က သူ့ကို သိပ်ချစ်တာ... သူက ကျွန်တော့် ဘဝရဲ့ အချစ်ဦး အချစ်ဆုံးဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် ကျိန်ပြောရဲတယ်... အခုထိလည်း ကျွန်တော် သူတစ်ယောက်ကိုသာ ချစ်နေဆဲပဲ*

>>>>>>>>>>>>>>>>>>>>>>>>

*ငါ မင်း မျက်နှာကို မမြင်ချင်ဘူးလို့...*ဟု

သူ ပြောလိုက်တဲ့ အချိန်မှာ ကျွန်တော့်ရင်တွေနာလိုက်တာ...

သူတကယ်ပဲ ကျွန်တော့်ကို မချစ်နိုင်တော့ပြီလား....

သူ စိတ်ရှုပ်မှာ မဖြစ်စေချင်လို့ သူ ပြောတဲ့ အတိုင်း ကျွန်တော် အရှေ့ပြန်လှည့်လိုက်တော့ Jonghyunက ကျွန်တော့် ပခုံးကို ဖက်လို့ နှစ်သိမ့်ပေးတယ်....

မျက်ရည်ကျချင်နေတဲ့ ကျွန်တော်မျက်နှာကိုတော့ သူ မမြင်နိုင်ခဲ့ဘူးလေ....

"စိတ်မကောင်း မဖြစ်ပါနဲ့ကွာ... သူလည်း မင်းကို ချစ်နေဦးမှာပါ..."

"ငါ ကြောက်တယ် Jonghyun သူ ငါ့ကို မချစ်တော့မှာကို..."

"မင်းတို့ အဖြစ်ကလည်းနော် တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်နေပါလျက်နဲ့..."

Jonghyun ပြောသလိုပါပဲ... ကျွန်တော်တို့ နှစ်ယောက်က သိပ်ချစ်ကြတာ... ငယ်သူငယ်ချင်းတွေလည်းဖြစ်ကြတော့ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ နက်နဲတဲ့ သံယောဇဉ်ကြိုးတွေက ခိုင်ခိုင်မာမာကို ရှိနေခဲ့တာ...

ပြဿနာတွေရဲ့ အစသည် ကျွန်တော့်ကြောင့်သာဖြစ်သည်....

သူနဲ့ ချစ်သူ မဖြစ်ခင်က ကျွန်တော့်မှာ ရည်းစားတွေများစွာရှိသည်...

ကျွန်တော်က ယောကျ်ားလေးထဲက ယောက်ျားလေးတစ်ယောက်ပေပဲမို့ ဒါမျိုးက အထူးအဆန်းမှ မဟုတ်တာပဲလေ...

သူငယ်ချင်းမက ရည်းစားမကျသူတွေလည်း ကျွန်တော့် ဘေးမှာ အများအပြား...

"Minho... မင်း အဲ့လောက် ကောင်မလေးတွေနဲ့ မရှုပ်နဲ့ တစ်နေ့ မင်း တကယ်ချစ်တဲ့သူတွေ့ရင် မင်း ဒုက္ခရောက်လိမ့်မယ်...."

အဲ့လို သတိပေးစကားဆိုလာတဲ့ သူ့ကိုပဲ ကျွန်တော် အသည်းနင့်နေအောင် ချစ်မိသွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ....

Ex- [Zawgyi/Unicode]Where stories live. Discover now