Ex ❷❽

463 39 12
                                    

Unicode
................

"ကျောင်းသားလေး... ထဦး စာကြည့်တိုက်ပိတ်တော့မယ်...''

"ထဦး ကျောင်းသားလေး... စာကြည့်တိုက်ပိတ်တော့မယ်....''

ကျွန်တော့် နားထဲ ဝေဝါးဝါးကြားနေရတဲ့ စာကြည့်တိုက်မှူးအသံကြောင့် ကျွန်တော် မျက်လုံးဖွင့်ကာ ခေါင်းထောင်ကြည့်လိုက်မိတော့ ကျွန်တော့်ဘေးနားရပ်နေတဲ့ စာကြည့်တိုက်မှူးကို တွေ့လိုက်ရသည်...

ကျွန်တော် ဒီမှာ ငိုနေရင်းနဲ့ အိပ်ပျော်သွားတာပဲ....

"စာကြည့်တိုက် ပိတ်တော့မယ် ကျောင်းသားလေးရဲ့...''

"ဟုတ်ကဲ့....''

နောက်တစ်ခါ ထပ်အသိပေးလာတဲ့ စာကြည့်တိုက်မှူးကို ခေါင်းငြိမ့်ပြပြီး ကျွန်တော် ယူထားတဲ့ စားပွဲပေါ်မှ စာအုပ်ကို ပိတ်ကာ ယူလိုက်ပြီးနောက် သူ့နေရာသူ သွားထားလိုက်သည်...

စာကြည့်တိုက်က ထွက်လာတော့ နေ့လည်ထဲက ဘာမှ မစားရသေးတဲ့ ဗိုက်က ဆန္ဒပြလေသည်....

ကျောင်းဝင်းတစ်ခုလုံးသည်လည်း တစ်ယောက်စနှစ်ယောက်စ ကျောင်းသားတွေကလွဲလို့ တစ်ဝင်းလုံး တိတ်ဆိတ်လျက်... အင်းလေ ညနေတောင် အတော်စောင်းနေပြီပဲ....

ကျွန်တော်လည်း ကျောင်းဝင်းထဲမှ ထွက်လာပြီး ရောက်ချင်ရာ ရောက်စေဟူသော သဘောဖြင့် ခြေဦးတည့်ရာ လျှောက်နေမိသည်....

သူနဲ့ ပတ်သတ်ရင် ခံစားလွယ်တက်တဲ့ ကျွန်တော့် စိတ်က တကယ်ကို ဆိုးရွားလွန်းလှသည်....

"အဒေါ်ကြီး ပင်လယ်စာခေါက်ဆွဲ အစပ်ပြင်းပြင်းလေးတစ်ပွဲ ပေးပါ...''

ဆာနေသော ဗိုက်ကို ဖြည့်ဖို့ရာ မျက်လုံးထဲတွေ့သည့် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်...

ချလာပေးသော ပူပူလောင်လောင် ခေါက်ဆွဲက တကယ်စားချင်စရာ...

"ဟင့်... ရှလွတ်... ဟင့်...''

စားလိုက် မျက်ရည်ကျလိုက်ဖြစ်နေတဲ့ ကျွန်တော်...

တကယ်တော့ ခေါက်ဆွဲရဲ့ ပူစပ်​နေခြင်းက ကျွန်တော့်ရဲ့ ငိုချင်စိတ်ကို အထောက်အပံ့ပေးထားတာ.... သူ ကျွန်တော့်ကို စိတ်မရှည်ဘူးဟု တွေးမိလေ ကျွန်တော် ငိုမိလေပဲ... တကယ်​တော့ မသိစိတ်ထဲက​​နေ ​နောက်တစ်ကြိမ်ထပ်ပြီး သူ့ကို လက်လွှတ်ရမှာကို ကျွန်​တော် ​​​ကြောက်​နေမိတာ...

Ex- [Zawgyi/Unicode]Where stories live. Discover now