Ex ❼

909 64 12
                                    

Unicode

"ချစ်သည်းရေ မနက်စာရပြီ..."

"အွန်း လာပြီ...."

သူ ပြင်ပေးတဲ့ မနက်စာကို အခန့်သားထိုင်စားခွင့်ရတဲ့ မနက်တိုင်းကို ကျွန်တော် ရပ်တန့်ထားပစ်ချင်တယ်...

Ommaတို့ ခရီးသွားတော့ သူ့ကို ကျွန်တော်နဲ့အတူ ထားခဲ့သည်... အဖော်ရအောင်လို့တဲ့... အတူနေချိန်အတွင်းမှာ သူကလည်း ကျွန်တော် သူ့ကို စိတ်ပြန်လည်လာအောင် ပြန်လက်ခံလာအောင် အစွမ်းကုန်တွေ ကြိုးစားနေတာ ကျွန်တော် သိတာပေါ့....

ကျွန်တော်လည်း ခပ်ချေချေမျက်နှာဖြင့် ထမင်းစား စားပွဲမှာ ဝင်ထိုင်လိုက်ပေမယ့် ကျွန်တော့် ရင်ထဲ ပြောမပြတက်လောက်အောင် ဝမ်းသာနေတယ်ဆိုတာကိုတော့ သူ့ကို ပေးမသိချင်...

"စား ကောင်း လား ချစ်သည်း..."

"အင်း မ ဆိုး ပါ ဘူး...."

အရသာ သိပ်အကောင်းကြီး မဟုတ်ပေမယ့်လည်း သူ လက်နဲ့ထိတွေ့ထားသည့် အစားအသောက်တွေမို့ ကျွန်တော့်အတွက်တော့ အတိုင်းထက်အလွန် ကောင်းသည်ပဲပေါ့...

ဒါပေမယ့်လည်း ကျွန်တော် သာမန်ကာလျှံကာသာ ဖြေဖြစ်၏....

"မင်းရော မစားဘူးလား...."

စားနေတဲ့ ကျွန်တော့်ကို ရှေ့မျက်နှာခြင်းဆိုင်ကနေ မေးထောက်လို့ ထိုင်ကြည့်နေတဲ့ သူ့ကို ကျွန်တော် မေးလိုက်တော့ ကျွန်တော့်ကို အချိုသာဆုံး အပြုံးတွေဖြင့် ကြည့်လာပြီး...

"ကိုယ်က ချစ်သည်း မျက်နှာကို ကြည့်နေရတာနဲ့တင် ဗိုက်က အလိုလိုပြည့်နေတာ ချစ်သည်းရဲ့..."

မေးမိတာ ကျွန်တော့်ရဲ့ အမှား....

"အဟမ်း အဟမ်း ငါ စားလို့ဝပြီ... အပြင်သွားလိုက်ဦးမယ်..."

သူ့ အပြောမှာ ရင်ခုန်သွားရတဲ့ ကျွန်တော်ကတော့ လုပ်ချောင်းဟန့်ရင်း သူ့ အရှေ့မှ ထထွက်လာခဲ့လိုက်သည်....

"ဘယ်သွားမလို့လဲ ချစ်သည်း..."

"ငါ့ဟာငါ ဘယ်သွား သွားပေါ့ကွာ...."

ဒီရက်ပိုင်း သူ ကျွန်တော့်ကို တအားကပ်လာသည်...

ကျွန်တော် သိတာပေါ့ သူ ကျွန်တော်နဲ့ အရင်လိုပြန်ဖြစ်ဖို့ကြိုးစားနေတယ်ဆိုတာ...

Ex- [Zawgyi/Unicode]Where stories live. Discover now