Ex ❸❷

425 29 0
                                    

Unicode
...............

"Omma​ရေ... omma..."

ကျွန်​တော့်လက်ထဲ အညို​​ရောင်စာအိတ်ရှည်ကို ကိုင်ထားပြီး အိမ်ထဲသို့ အားရဝမ်းသာ​ပြေးဝင်ရင်း ommaကို ​အော်​ခေါ်လိုက်သည်...

"သားရယ် ဘယ်လိုဖြစ်လို့ အဲ့​လောက်​တောင် ​အော်​နေရတာလဲ..."

"ဒီမှာ omma... ဒီမှာ ကြည့်..."

လက်ထဲက စာအိတ်ရှည်ကို ommaလက်ထဲ လှမ်း​ပေးလိုက်သည်....

Ommaက ကျွန်​တော့်ကို ဘာလဲဟု တစ်ချက်ကြည့်ပြီးမှ ကျွန်​တော်​ပေးလိုက်တဲ့ စာအိတ်ကို ​ဖောက်ကြည့်သည်...

"သား သား စ​ကော်လာရပြီ omma..."

Ommaကို ​ပြော​နေမိသည့် ကျွန်​တော်သည် အလွန်ပင် စိတ်လှုပ်ရှား​နေသည်...

"တကယ်လား သား... တကယ်လား..."

ကျွန်​တော့်ကို ပြန်​မေး​နေတဲ့ ommaလည်း ကျွန်​တော့် နည်းတူ စိတ်လှုပ်ရှား​နေဟန်...

"အင်း omma... သား သိပ်သွားချင်​နေတဲ့ ပါရီမှာ ommaရဲ့..."

"​ကောင်းတာ​ပေါ့ သားရယ်... omma သားက ​တော်လိုက်တာ... omma အရမ်းဝမ်းသာတာပဲ..."

Ommaက ကျွန်​တော့်ကို ရင်ခွင်ထဲ ​ထွေး​ပွေ့ရင်း ​တော်​ကြောင်း ချီးမွမ်းသည်...

Ommaက ပညာ​ရေးကို ဦးစား​ပေးတာမို့ ကျွန်​တော် အခုလို စ​ကော်လာရတာကို ဝမ်းသာကာ သ​ဘောကျ​နေခြင်းဖြစ်သည်...

"ဘယ်​တော့သွားရမှာလဲ သား..."

"တစ်လ​လောက်​တော့ အချိန်ရ​သေးတယ် omma... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရ​​အောင်လို့​လေ..."

"​သြော် ​အေး​အေး... သား လိုအပ်တာ​တွေ ommaကို ​ပြော​နော်... omma အားလုံးလုပ်​ပေးမယ်..."

"အွန်း omma... appaကို ommaပဲ လှမ်း​ပြောလိုက်​တော့​နော်..."

ကျွန်​တော့် appaကလည်း ဂျပန်ဘက်က ကုမ္ပဏီမှာ သွားပြီး ဦးစီး​နေတာ ​လေးငါး​ခြောက်နှစ်​လောက်ရှိပြီ... ကျွန်​တော်က အရင်ထဲက မိဘကို သိပ်တွယ်ကပ်​လေ့ရှိတာ မဟုတ်​တော့ appaကိုလည်း ထင်သ​လောက် မခင်တွယ် ဒါ​ကြောင့် ommaကိုသာ ​ပြောခိုင်းလိုက်ရခြင်းဖြစ်သည်...

Ex- [Zawgyi/Unicode]Where stories live. Discover now