Ex ❸∅

504 34 4
                                    

Unicode
...............

Only JongTae Part
×××××××××××××××

*ting*

ဖုန်းmessageသံကြား​ပေမယ့် ဆရာမစာသင်​နေသည်မို့ Taeminဖွင့်မကြည့်ဖြစ်...

ဆရာမထွက်သွားပြီး​တော့မှ ဖွင့်ကြည့်မိ​တော့ ကိုကို့ထံမှ ဖြစ်​​နေသည်...

*Hyung အရင်ပြန်နှင့်ပြီ ညီညီ...*

စာပို့ခဲတဲ့ကိုကို့​ကြောင့် စိုးရိမ်မိသွားကာ ဖုန်းအမြန်​ခေါ်လိုက်​ပေမယ့်လည်း စက်ပိတ်ထားသည်တဲ့....

မနက်ကလည်း Minho hyungနဲ့ ပြဿနာတက်ထား​သေးသည်မလား... ထပ်ပြီး​တော့ ရန်ဖြစ်ကြ​သေးတာလားမသိဘူး....

ဟာ ဟုတ်သားပဲ... Minho hyungဆီကို ဖုန်းဆက်ကြည့်ရမယ်...

Minho hyungကို ဖုန်းဆက်ကြည့်​တော့ ကန်တင်းမှာဆို၍ ကန်တင်းကို လိုက်သွားလိုက်သည်...

"Minho hyung...."

"အင်း Taeminထိုင်​လေ..."

Minho hyungရဲ့ မျက်နှာခြင်းဆိုင်တွင် Taemin ဝင်ထိုင်လိုက်သည်...

Minho hyung​ဘေးမှာ​တော့ Jonghyun hyung ထိုင်​နေသည်....

Minho hyungကို ကြည့်မိ​တော့ မျက်နှာ သိပ်မ​ကောင်း...

"Hyung ကိုကိုနဲ့ ရန်ထပ်ဖြစ်​သေးလား..."

"ဟင့်အင်း မဖြစ်ပါဘူး... ဘာဖြစ်လို့လဲ Taemin..."

"အခု ကိုကို ဘယ်မှာရှိလဲ hyungသိလား..."

"Hyung ဒီကိုမလာခင် သူ့ကို သွား​ခေါ်​တော့ hyungကို လိုက်မလာနဲ့​ပြောပြီး ထွက်သွားတယ်... hyungလည်း သူပိုစိတ်ဆိုးသွားမှာစိုးလို့ လိုက်မသွားဖြစ်ဘူး..."

"ကိုကို သားကို စာပို့ထားတယ် ဒီမှာကြည့်... သားလည်း ဆရာမ စာသင်​နေတာနဲ့ အခုမှ ဖွင့်ကြည့်လိုက်တာ... ကိုကိုက စာပို့ခဲ​တော့ စိုးရိမ်ပြီး ဖုန်းဆက်ကြည့်တာ စက်ပိတ်ထားတယ်တဲ့..."

ကိုကို ပို့ထားတဲ့ စာကို Minho hyungကို ပြရင်း Taeminဆက်​ပြောလိုက်သည်....

"အိမ်ပြန်သွားတာလား..."

Taemin ပြလိုက်တဲ့ စာကိုကြည့်ပြီး Minho hyung Taeminကို ​မေးလာသည်...

"သား မသိဘူး... အဲ့ဒါ​ကြောင့် hyungဆီကို သားလာခဲ့တာ... ကိုကို့ကို ပြန်ရှာပြီး​ချော့လိုက်ပါ​နော်... မနက်က သားတို့ စတာလဲ နည်းနည်းလွန်သွား​တော့ ကိုကိုလည်း ရှက်သွားမှာ..."

Ex- [Zawgyi/Unicode]Where stories live. Discover now