Ex ❸

1K 74 1
                                    

Unicode

မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကို အတင်းကြီး ဆုံအောင်လုပ်လို့မရသလို... ကျွန်တော်လည်း သူနဲ့ အတင်းကြီးဆုံဖို့ မကြိုးစားတော့ပဲ ဒီအတိုင်း သူ့အနားမှာ သူငယ်ချင်းအဖြစ်နဲ့ နေသွားတာပဲ အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်....

/////////////////////////////////////////////////////

"ချစ်သည်း ပိတ်ရက်ဘာလုပ်ဖို့ ရှိလဲ...."

အရှေ့က ဆရာမ စာသင်နေသည်ကို အာရုံစိုက်လိုက်နားထောင်နေတဲ့ ကျွန်တော့်ကို အနားကပ်လို့ သူခပ်တိုးတိုးမေးသည်...

သူ၏ 'ချစ်သည်း'ဟု တစ်ခါခေါ်တိုင်း ကျွန်တော် ရင်ခုန်ရသည်ကို သူ မသိဘူး...

"ဘာဖြစ်လို့လဲ..."

ကျွန်တော် အရှေ့ကိုသာ ကြည့်ရင်း သူ့ကို ပြန်မေးလိုက်သည်....

"ငါတို့ လျှောက်မလည်ရတာကြာပြီလေကွာ... အဲ့ဒါကြောင့်...."

အခုမှ ကျွန်တော့်ကို သတိရတဲ့ သူ့ကို တစ်ခါလောက်တော့ ကျွန်တော် ငြင်းဆန်ချင်တယ်....

"ငါ မအားဘူး..."

သူ စကားမဆုံးခင် ကျွန်တော် ဖြတ်ပြောလိုက်တော့ သူ အံ့သြသွားပုံရသည်...

"ငါ ကိစ္စရှိတယ်.... Minho..."

"အင်း အဲ့ဒါဆိုလည်း နောက်မှပဲပေါ့..."

သူ ကျွန်တော့် အနားကပ်ပြောနေရာမှ မျက်နှာငယ်လေးနဲ့ ပြန်ခွာသွားသည့် သူ့ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းမိပေမယ့်လည်း ကျွန်တော် သူနဲ့အတူ သူ့အနားမှာရှိမနေချင်ဘူး...

ထိန်းချုပ်ထားရတဲ့ ကျွန်တော့် ခံစားချက်တွေကြောင့် သူ့အနားနေချိန်တိုင်း မွန်းကြပ်မှုကို ခံစားရတယ်....

"အဟက် မင်း ပြောတဲ့ မအားဘူးဆိုတာ ဒါကို ပြောတာလား Key...."

ကျွန်တော့် လက်မောင်းကို တွဲချိတ်ထားတဲ့ Nicoleရဲ့ လက်တို့ကိုကြည့်ပြီး သူ ခပ်ရွဲ့ရွဲ့မေးသည်....

သူ့ကို မအားဘူးဟု ပြောတဲ့ကျွန်တော်သည် Nicoleက အိမ်ကို လာခေါ်တာကြောင့် Nicole ဈေးဝယ်ထွက်မည့်နောက်ကို လိုက်လာခဲ့တာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူနဲ့ လာဆုံမယ်လို့ ဘယ်သူက ထင်မှာလဲ...

Ex- [Zawgyi/Unicode]Where stories live. Discover now