Ex ❷❸

536 47 16
                                    

Unicode
................

"ကိုကို ကျောင်းနောက်ကျတော့မယ် မထသေးဘူးလား... သားတောင် အကုန်ပြင်ပြီးနေပြီ...''

ညီညီ လှမ်းနှိုးနေတာကြားပေမယ့် ကျွန်တော် မကြားဟန်ဆောင်ကာ ပေပြီး ဆက်အိပ်နေမိသည်....

တကယ်ဆို ညီညီ မနိုးခင်ထဲက ကျွန်တော် နိုးနေခဲ့ပြီးသား....

ကျောင်းမသွားချင်၍သာ အိပ်ချင်ဟန်ဆောင်နေခဲ့တာ...

သူနဲ့ မျက်နှာခြင်းဆိုင်ဖို့ သတ္တိတွေ ကျွန်တော့်မှာမရှိသေးဘူး...

"ကိုကို ထတော့ဆို... ကျောင်းနောက်ကျတော့မယ်...''

ကျွန်တော့်ကို လာပြီးလှုပ်နှိုးနေသော ညီညီ့ကို မျက်လုံးဖွင့်ကာ ကြည့်လိုက်ပြီး...

"Hyung ကျောင်းမသွားချင်ဘူး ညီညီ...''

"ဘာလို့လဲ ကိုကို... Minho hy

ungကြောင့်လား...''

ကုတင်ပေါ်မှာ တက်ထိုင်လာပြီး လက်နှစ်ဖက်ကို ပိုက်လို့ ကျွန်တော့်ကို ကြည့်ကာမေးနေသော ညီညီ့ကို ကျွန်တော် ပြန်မဖြေပဲ နေလိုက်သည်...

"မနေ့က သရဲအိမ်ထဲမှာ ဘာတွေဖြစ်ခဲ့လို့လဲ... ကိုကို့ကို Minho hyung ဘာလုပ်လိုက်လို့လဲ ပြော ကိုကို...''

တရားခံ စစ် စစ်မေးနေသော ညီညီ...

အဲ့အကြောင်းကို မေ့အောင်နေနေပါတယ်ဆိုမှ သူက အစလာဖော်ပေးနေတယ် ဒုက္ခပဲ...

အင်း အဲ့နေ့က....

ပြန်တွေးမိတော့ ကျွန်တော့် မျက်နှာပြင်သည် အပူဟပ်ခံလိုက်ရသလို နွေးခနဲ ဖြစ်သွားရ၏...

လက်နှစ်ဖက်ဖြင့် အလျင်အမြန် အုပ်ကိုင်လိုက်သည်... အပူလျော့လိုလျော့ငြားပေါ့...

"ကြည့်စမ်း ကိုကို့ မျက်နှာတွေ နီရဲနေတာပဲ... တစ်ခုခုတော့ ဖြစ်ခဲ့တယ်မလား... ပြော ပြော ကိုကိုတို့ ဘာတွေဖြစ်ခဲ့သလဲ...''

"သားတို့ရေ ကျောင်းနောက်ကျနေမယ် မသွားကြသေးဘူးလား...''

မဖြေပေးမချင်း မေးနေမှာဖြစ်သော ညီညီကြောင့် ကျောင်းသွားဖို့ လှမ်းသတိပေးသော ommaကိုသာ ကယ်တင်ရှင်အလား ကျွန်တော့် စိတ်ထဲကနေ ကျေးဇူးတွေတင်နေမိသည်...

Ex- [Zawgyi/Unicode]Where stories live. Discover now