Ex ❸❺

472 31 30
                                    

Unicode
...............

(warning 🚨)

"ချစ်သည်း ထဦး... Taeminအတွက် ဖုန်းသွားဝယ်​ပေးရ​အောင်..."

ပိတ်ရက်မို့ ​​နေ့ခင်း ခဏအိပ်​နေချိန်မှာ သူ ​ရောက်လာပြီး ကျွန်​တော့်ကို လာနှိုးကာ ​ပြောသည်က ညီညီ့ကို ဖုန်းသွားဝယ်​ပေးဖို့တဲ့...

"ဖုန်းလား.... မဝယ်​ပေးလည်းရပြီ..."

ကျွန်​တော်သည် ဖက်လုံးကိုဖက် အိပ်​နေရင်းအတိုင်းနဲ့ပင် သူ့ကို ပြန်​ဖြေလိုက်သည်...

"ဟင် ဘာလို့..."

"ညီညီ လက်​ဆောင်ရထားတယ်... ဘယ်သူပို့​​ပေးတာလဲ​တော့မသိဘူး... အဲ့​တော့ မဝယ်​ပေးလဲရပြီ..."

"ဟုတ်လား..."

ဟုတ်လားဆို​သော အသံနဲ့အတူ ကျွန်​တော့် ​နောက်​ကျောမှ လှုပ်ရှားသွားမှု တစ်ခုဖြစ်သွားသည်...

ထို့​နောက် ကျွန်​တော့် ခါးထက်ကျ​ရောက်လာ​သော လက်တစ်ဖက်၏ တင်းကျပ်စွာ ဆွဲယူခြင်း ခံလိုက်ရပြီး ကျွန်​​တော့် ​နောက်​ကျောသည် ရင်ခွင်​ကျယ်တစ်ခုအတွင်းသို့ ​ရောက်သွားသည်...

"ချစ်သည်း..."

သူ့ရဲ့ ခပ်တိုးတိုး ​ခေါ်သံနဲ့အတူ သူအသက်ရှူလိုက်တဲ့ဝင်​လေ ထွက်​လေတို့က ကျွန်​တော့် လည်တိုင်တစ်ဝိုက်သို့ လာ​ရောက် ရိုက်ခတ်သည်...

"အင်း ​​ပြော​လေ ​မောင်..."

"ဘယ်​လောက်မှ မကြာ​တော့ဘူး​နော် ကိုယ်တို့ ခွဲရဖို့..."

ထိုသို့​ပြော​နေ​သော သူ့အသံသည် ခပ်​ဆွေး​ဆွေးနိုင်လှသည်...

"အွန်း..."

"ချစ်သည်း မသွားခင် အချိန်ထိ ကိုယ် ဒီမှာ လာ​နေလို့ ရမလား ချစ်သည်း... ချစ်သည်း သွားမယ့် အချိန်ထိ စက္ကန့်တိုင်းမှာ ကိုယ် ချစ်သည်းနဲ့ အတူရှိ​နေချင်တယ်..."

သူ ​ပြောသလိုပါပဲ ကျွန်​တော်လည်း မသွားခင် အချိန်ထိ သူနဲ့ အတူရှိ​နေချင်တာမို့...

"အင်း လာ​နေ​လေ... ငါလည်း ​မောင်နဲ့ အတူ​နေချင်တယ်..."

"ဟား ဝမ်းသာလိုက်တာကွာ... ကိုယ် ဒီရက်ပိုင်း ချစ်သည်းကို ဘယ်​လောက်​တောင် လွမ်း​နေခဲ့လဲ သိလား..."

Ex- [Zawgyi/Unicode]Where stories live. Discover now