Ex ❺

926 78 12
                                    

Unicode

"ချစ်သည်း ခဏစောင့်ဦး... ကိုယ်လည်းလိုက်မယ်.... ommonyiခေါ်ထားလို့..."

သူ လှမ်းခေါ်လိုက်တဲ့ အသံကြားရတာနဲ့ ကျွန်တော် ကားထားတဲ့ နေရာကို အမြန်ပြေးသွားလိုက်သည်....

ကားပေါ်ကို အလျင်အမြန်တက်ရင်း သူ အနားရောက်မလာခင် ကားတံခါးတွေအားလုံးကို လော့ခ်ချပစ်လိုက်သည်...

"ချစ်သည်း တံခါးဖွင့်ဦးလေ... ကိုယ်လည်း လိုက်မယ်လို့ပြောနေတာကို...."

ကားမှန်ကို တဗုန်းဗုန်း ထုလို့ သူအော်ပြောနေသည်ကို မသိချင်ယောင်ဆောင်ရင်း ကားစက်နှိုးလိုက်သည်...

ဟွန့် ဘာလို့ဖွင့်ပေးရမှာလဲ... သူ့လိုလူကို ကားပေါ်ခေါ်မတင်နိုင်ပါဘူးနော်...

ကားထဲကနေ သူ့ကို တာ့တာပြရင်း ကားကို မောင်းထွက်ခဲ့လိုက်သည်....

သူ့မှာလည်း ကားရှိနေတာကို သပ်သပ်မဲ့ လူကို လိုက်နှောင့်ယှက်နေတာ... မုန်းစရာကြီး...

"သား Key.... ဘာလုပ်နေလဲ ညစာ စားမယ်လေ...."

"Omma သား မဆာသေးဘူး စာလုပ်နေလို့ နောက်မှ စားမယ်...."

ကျွန်တော့်ကို လှမ်းခေါ်နေသော Ommaကို ကျွန်တော့်အခန်းထဲကနေပဲ ပြန်ဖြေလိုက်သည်....

"သား ထွက်လာခဲ့နော်.... ဒီမှာ Minလေးလည်း စောင့်နေတာကို မြန်မြန်လာခဲ့..."

သိတယ်လေ... သူရှိနေတာ သိနေလို့ ကျွန်တော်မသွားတာကို...

"သား မဆာပါဘူးဆို... မလာဘူး ommaရာ..."

"သူ မစားချင်လည်း ထားလိုက်ပါ ommonyiရာ... သူက သားကို စိတ်ကောက်နေတာ... သူ မစားတော့လည်း သားက ပိုစားရတာပေါ့... သူ့ အစား သားများများစားပေးမယ်နော်...."

သူ့ စကားလည်းဆုံးရော ကျွန်တော် တံခါးကို ဝုန်းခနဲ ကောက်ဖွင့်လိုက်ကာ...

"ဟေ့ကောင် မင်းကို ဘယ်သူက စိတ်ကောက်နေလို့လဲ... စောင်ပိုတွေ လာမပြောနဲ့... သူများအိမ် အရှက်မရှိလာပြီး စားသောက်နေတာ... စားမှာ တချို့သော အငတ်တွေက သူများအိမ်က အစားတွေကို အကုန်စားသွားမှာစိုးလို့ ထမင်းစားကို စားမှာ...."

Ex- [Zawgyi/Unicode]Where stories live. Discover now