Ex ❷❾

474 37 8
                                    

Unicode
...............

"ရေချိုးခန်းထဲမှာရှိ~... အားးး....''

သူ့ကိုပြောဖို့ သူရှိရာကို လှည့်အကြည့် မြင်တွေ့လိုက်ရသည့် မြင်ကွင်းတို့ကြောင့် ကျွန်တော် အော်လိုက်မိသည်...

ပြီးတော့ သူ့ကို အမြန်ကျောပေးလိုက်ပြီး....

"Yah ဘာလို့ bathrobeမဝတ်ပဲ... သဘတ်ကို ပတ်ထားတာလဲ...''

"ကိုယ်က ဒီလိုပဲ ဝတ်တာပဲလေ....''

အပေါ်ပိုင်း ဗလာနဲ့ သူက ဘာမှမဖြစ်သလို ပြန်ဖြေသည်...

"ရော့ ရော့...''

သူ့ကို ကျောခိုင်းထားလျက်နဲ့ပင် ဘီဒိုထဲမှ သဘတ်တစ်ထည်ကို ထုတ်ကာ လှည့်မကြည့်ပဲ သူ့ထံပစ်ပေးလိုက်ပြီး...

"ကုတင်ပေါ်မှာ အင်္ကျီ တင်ထားတယ် ယူပြီး ရေချိုးခန်းထဲ သွားလဲလိုက်...''

ကျွန်တော် အော်ပြောလိုက်တော့ သူကရယ်ပြီး ရေချိုးခန်းထဲသို့ ပြန်ဝင်သွားသည်ကို ရေချိုးခန်းတံခါးပိတ်လိုက်သံကြောင့် သိလိုက်ရသည်...

ဟူး....

အခုန်မြန်နေသော ရင်ဘတ်လေးကို ဖိရင်း သက်ပြင်းဖွဖွချမိသည်...

သူနဲ့ကျွန်တော် သူငယ်ချင်းတွေကနေ ချစ်သူဖြစ်လာခဲ့ပေမယ့် သူ့ရဲ့ အဝတ်မဲ့နေသော ခန္ဓာကိုယ်(အပေါ်ပိုင်း)ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့...

အခုက ပထမဆုံးအကြိမ်ဖြစ်သည်...

ခဏလေး မြင်လိုက်ရပေမယ့်ကြွက်သား အဖုအထစ်တွေ တင်းတင်းရင်းရင်းနဲ့ သူ့ခန္ဓာကိုယ်က ခပ်ညိုညို အသားအရေနဲ့လိုက်ဖက်လှသည်...

ကျွန်တော့်လို ဖြူစုတ်စုတ် နံရိုးပြိုင်းပြိုင်းမဟုတ်...

ယောက်ျားလေး အချင်းချင်းဖြစ်တာတောင် အားကျစရာကောင်းလိုက်တာ...

"ချစ်သည်း....''

ရေချိုးခန်းထဲကနေ အဝတ်စားဝတ်ပြီး ပြန်ထွက်လာတဲ့ သူက ကုတင်ပေါ်ထိုင်နေတဲ့ ကျွန်တော့် ဘေးတွင်ဝင်ထိုင်သည်...

"ချစ်သည်း မနက်က ဘာလို့ ကိုယ့်ကို စိတ်ဆိုးသွားတာလဲ....''

သူက ကျွန်တော့် လက်တစ်ဖက်ကို ဆွဲယူကာ ဆုပ်ကိုင်ပြီး မေးလာသည်...

Ex- [Zawgyi/Unicode]Where stories live. Discover now