Ex ❸❽

676 33 6
                                    

Unicode
...............

"​မောင် ငါ အိပ်မ​ပျော်ဘူး...."

Minhoကို ​ကျော​ပေး အိပ်​နေရာမှ Minhoဘက်သို့ လှည့်လာကာ အိပ်မ​ပျော်​ကြောင်း ​ပြောလာသည့် ချစ်သည်းလိုပင် Minhoလည်း အိမ်မ​ပျော်ခဲ့...

"အိပ်​ပျော်​အောင် အိပ်​လေကွာ... မနက် အ​စောကြီး ထရမှာမလား..."

ကိုယ်တိုင် အိပ်မ​ပျော်လည်း ချစ်သည်းကို​တော့ အိပ်ဖို့​ပြောရသည်...

မနက်ဖြန်မနက်ဆိုတာနဲ့  Minhoတို့နှစ်​ယောက်ခွဲရ​တော့မည်...

"အိပ်မရတာကို ဘယ်လိုအိပ်​ပျော်​အောင် အိပ်ရမှာလဲကွာ..."

"ဒါဆို ချစ်သည်း အိပ်​ပျော်​အောင် ကိုယ်ဘာလုပ်​ပေးရမလဲ..."

ချစ်သည်းပခုံး​လေး​ပေါ် လက်လှမ်းတင်ပြီး ​မေးလိုက်​တော့ ခဏ​လောက်​တော့ စဥ်းစား​နေဟန်ဖြင့် ငြိမ်သွားပြီးမှ...

"သီချင်းဆိုပြ..."

"သီချင်းဆိုပြရမှာလား... ကိုယ့်အသံက သိပ်မှ မ​ကောင်းပဲကွာ..."

"ဘာလို့ မ​ကောင်းရမှာလဲ... ဆိုပြပါကွာ... ​နော်လို့ ​နော် ​နော်... ငါ​လေ ​မောင် သီချင်းဆိုပြတာကို နား​ထောင်ပြီး အိပ်ချင်လို့ပါကွာ ​နော်..."

Minhoကို အမူပိုပိုချွဲနွဲ့ကာ ​ပြော​နေ​သော ချစ်သည်းကို ကြည့်ပြီး Minhoမှာ မ​နေတက်​တော့...

(အဲ့လို​မျိုးလေး​ပြောတာပါ​နော်....)

ချစ်သည်းကိုကြည့်ရင်း အသည်း​တွေယားကာ အူ​တွေအသည်း​တွေ ကလိကလိနဲ့ ခံစား​နေရသည်... မ​နေနိုင်​တော့တဲ့ အဆုံးမှာ​တော့ ဆိုပြမယ်ဟု ​ပြောလိုက်ရ​တော့သည်...

"ဟုတ်ပြီ ဆိုပြမယ် ဆိုပြမယ်..."

Minho ကုတင်​ပေါ်က ဆင်းကာ ချစ်သည်းရဲ့ ဘီဒို​ဘေးနား ​ထောင်ထားတဲ့ ဂစ်တာ​လေးကို သွားယူလိုက်သည်...

ထို​နောက် ကုတင်ရှိရာကို ပြန်လာကာ... ကုတင်​​​ပေါ်တွင် ထိုင်လိုက်ပြီး ​ခြေ​ထောက်တို့ကို ​အောက်တွင်ချထားကာ ​ပေါင်​ပေါ်တွင် ဂစ်တာကို တင်လို့ ကြိုးတို့ကို အရင်ညှိလိုက်သည်...

Ex- [Zawgyi/Unicode]Where stories live. Discover now