part-1❤❤❤

15.2K 650 3
                                    

❤❤❤

မိုးတွေ....
တစ်စက်ပီးတစ်စက်....
အပြိုင်ကျဆင်းနေတာ...
အရမ်းလှတာပဲ....။

ဟန်....သိခဲ့ရဲ့လား....။

ကိုယ်ကလေ....
မိုးရွာတာကိုသိပ်ကြိုက်တာ....။

မှတ်မိသေးလား....
ဟန်နဲ့စတွေ့တုန်းက.....
အဲ့အချိန်တုန်းကလဲမိုးတွေရွာနေတယ်လေ....။

သတိရသေးရဲ့လား......
တစ်ခါက....
မိုးရေထဲမှာအမှတ်မထင်ဆုံခဲ့တဲ့ကိုယ့်ကိုလေ....။

တစ်နေရာရာမှာပေါ့....
ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့....
ဟန်ပျော်နေမယ်မှန်းသိပေမယ့်လေ....
တစ်ခါလောက်လေးပဲဖြစ်ဖြစ်
ကိုယ့်ကိုသတိရပေးပါ....။

အင်း....တစ်ခါလောက်လေးပါပဲ....။

~ ~ ~ ~ ~ ~ ~ ~ ❤ ❤ ❤  ~ ~ ~ ~ ~ ~ ~

🍃 🍃 🍃

မင်းအပေါ်ထားတဲ့မျှော်လင့်ချက်တိုင်းဟာ
လေတစ်ချက်အဝှေ့မှာပျက်သုဉ်းသွားမြဲပါ....။

___________ LAST  __________

~ အား ကျွတ်စ် ~

ရှောင်းကျန့်စာရေးနေရင်းမှမျက်ကျောများကိုက်လာသောကြောင့် မျက်မှန်ကိုချွတ်ကာ မျက်ခုံးများကိုလက်ဖြင့်ဖိနှိပ်ရင်းရေရွတ်လိုက်မိသည်။
မျက်စိေ့ရှမှရေးလက်စစာများကိုဆက်မကြည့်ချင်တော့ဟန်ဖြင့် laptopအားပိတ်လိုက်တော့သည်။
မျက်နှာခြင်းဆိုင်တွင်ရှိသောပြတင်းပေါက်မှမြင်နေရသောကောင်းကင်ပြာမှာ အုံ့မှိုင်း၍အရောင်ပြောင်းစပြု လာလေပီ!
ထိုင်နေရာမှထကာမျက်နှာခြင်းဆိုင်ကပြတင်းပေါက်ကိုဆွဲဖွင့်လိုက်တော့အပြင်ဝရံတာလေးပေါ်လူကအလိုလိုရောက်ပီးသား!
အသားကျနေတဲ့အရာတစ်ခုပါပဲ!မိုးရွာတိုင်းဝရံတာမှာထွက်ရပ်နေမိတာ...

~ မိုးတွေရွာတော့မယ် ဟန် ~

ရှောင်းကျန့်ရဲ့ခပ်တိုးတိုးရေရွတ်သံအဆုံးပါးပြင်ပေါ်ကိုရေတစ်စက်ကျဆင်းလာတယ်!
ကောင်းကင်ကတော့အုံ့မှိုင်းဆဲပဲ!
ရေစက်လေးတွေကတော့ရှောင်းကျန့်မျက်ဝန်းအိမ်မှာတွဲလဲခိုနေလေရဲ့.....
မိုးနဲ့အပြိုင်ရွှာသွန်းဖို့စောင့်နေသလိုပဲ.....

LAST❤《completed》Where stories live. Discover now