part-16♥

3.7K 346 8
                                    

Unicode ❣

____________ LAST _____________

ရှောင်းကျန့်အတွက်ကတော့ပုံမှန်နေ့တွေလိုပါပဲ^
ဘာမှမထူးခြားတဲ့နေ့တစ်နေ့!!
အိပ်ယာထပီးတာနဲ့တစ်ခါတည်းရေချိုး၊မနက်စာစားပီးတော့ကော်ဖီတစ်ခွက်နဲ့ဝရံတာမှာထွက်ထိုင်နေမိတာပဲ!!

တစ်ခါတစ်လေစိတ်ပါရင်စာရေး၊တစ်ခါတစ်လေဈေးဝယ်ထွက်၊အင်း...
တစ်ခါတစ်လေတော့လည်းပြန်မလာတဲ့သူကိုလွမ်းဆွတ်နေမိတာပေါ့....

စာရေးစားပွဲပေါ်မှာတင်ထားတဲ့ချောကလတ်လေး
နှစ်တောင့်ကိုအကြည့်ရောက်သွားမိတဲ့ရှောင်းကျန့်....

*ပဟေဠိဆန်လွန်းတယ်*

ကလေးမလေးနှစ်ယောက်နဲ့ပေးခိုင်းလိုက်တဲ့ဒီချောကလတ်နှစ်တောင့်....

တစ်ပတ်ကျော်ကြာနေပေမယ့်...ဖွင့်မစားဖြစ်ပါဘူး...

ကိုယ်စောင့်စားနေတဲ့သူများပေးခိုင်းလေသလား...

မျှော်လင့်နေဆဲပါပဲ....

♥ ဟန့်ကကိုယ့်အတွက်တော့....

အမြဲတောင့်တနေမိတဲ့ဆုတောင်းတစ်ခု....

~ ~ ~ ~ ~ ~ ~ ~ ~Blue Postcard ♥ ♡ ~ ~ ~ ~

မျက်နှာသစ်ရင်းမှန်ကိုကြည့်မိတဲ့ရှောင်းကျန့်^

*နှုတ်ခမ်းမွှေးတွေထွက်နေပီပဲ*

ခပ်ရေးရေးလေးထွက်စပြုနေတဲ့စိမ်းနုရောင်နှုတ်ခမ်းမွှေးလေးတွေကိုရိတ်လိုက်တယ်။

*ဟန်ကနှုတ်ခမ်းမွှေးဆိုအရမ်းမုန်းတာ^သူနမ်းရင်ခပ်စူးစူးကြီးဖြစ်‌ေနလို့တဲ့^*

စာမူသွားပေးရမှာမလို့ရှောင်းကျန့်အကျီကို့သပ်သပ်ရပ်ရပ်ဝတ်လိုက်တယ်။

အိမ်တံခါးတွေပိတ်ပီးခြံပြင်ကိုထွက်လိုက်တော့...

ခြံတံခါးကြားမှာညှပ်ထားတာက....

*အပြာရောင်စာအိတ်ကလေး^^*

ရုတ်တရပ်ပဲ^ဟန့်ကိုသတိရသွားပြန်တယ်....

*အပြာရောင်သိပ်ကြိုက်တဲ့သူ့ရဲ့ချစ်သူလေး*

ပေးပို့သူနာမည်မပါ ၊လိပ်စာမပါတဲ့စာအိတ်လေးကိုတယုတယနဲ့ကိုင်ကြည့်မိတယ်။

LAST❤《completed》Where stories live. Discover now