part-14♥♥♥

4K 360 12
                                    

Unicode ❣

💭တိမ်စတွေကိုငေးကြည့်မိတိုင်းတစ်စုံတစ်ယောက်ကိုသတိရမိတယ်.....
တစ်စုံတစ်ယောက်ကိုသတိရမိတိုင်းလည်းတိမ်တွေကိုမော့ကြည့်မိတာပါပဲ....
နှစ်ခုစလုံးကလေလွင့်ပျောက်ကွယ်သွားတဲ့အရာတွေမလား??
တဖြည်းဖြည်းနီးကပ်...တဖြည်းဖြည်းဝေးကွာ...တဖြည်းဖြည်းပျောက်ဆုံး....
ငါ့မှာသာအမှတ်တရတွေနွံထဲတစ်ယောက်ထဲရုန်း...

__________________ LAST __________________
ရှောင်းကျန့်အဖြူရောင်အကျီလက်ရှည်လေးပေါ်မှာကာကီရောင်ကုတ်အကျီလေးထပ်ဝတ်လိုက်တယ်။
ငယ်ငယ်တုန်းကကျန်းမာရေးကောင်းမွန်တဲ့သူ့ဦးလေးကအသက်အရွယ်ကြီးလာပီဖြစ်လို့အပျင်းဖျားပီးဆေးရုံရောက်နေတယ်။ရှောင်းကျန့်အသက်ရှစ်နှစ်မှာပဲသူ့မိဘနှစ်ပါးစလုံးဟာကား accident တစ်ခုကြောင့်တိမ်းပါးခဲ့တာ!!
သူ့မိဘနှစ်ပါးမရှိတော့ကတည်းကသူ့ကိုသူ့ဦးလေးပဲစောင့်ရှောက်ခဲ့တာမလို့ရှောင်းကျန့်ရဲ့တွယ်တာရာဟာသူ့ဦးလေးပဲ!!ရှောင်းကျန့်ရဲ့မိဘတွေဟာကုမ္ပဏီဝန်ထမ်းတွေမို့မချမ်းသာပေမယ့်လူလတ်တန်းစားတွေ!
ကျောင်းပီးတဲ့အချိန်မှာပဲသူ့ဦးလေးကဒီအိမ်ကိုပေးခဲ့တာ!အဲ့ဒါရှောင်းကျန့်မိဘတွေပေးခဲ့တဲ့တစ်ခုတည်းသောအမွေ!သူ့ဦးလေးမှာသမီးနှစ်ယောက်ရှိတာမလို့သူဆေးဆေးရုံစောင့်ပေးစရာမလိုပေမယ့်သွားတော့တွေ့ရမယ်။သူ့ကိုကျွေးမွေးခဲ့တဲ့ဦးလေးပဲမလား??
ပြင်ဆင်စရာရှိတာပြင်ဆင်ပီရှောင်းကျန့်ဆေးရုံကိုထွက်လာခဲ့တယ်။

မနေ့ကဖုန်းဆက်ပီးေမးထားတာမို့နေရာကိုထွေထွေထူးထူးလိုက်မရှာလိုက်ရဘူး!
ဆေးရုံအခန်းထဲရောက်တော့ကုတင်ပေါ်မှာလှဲလေးကပြုံးပြပီးထဖို့ပြင်နေတာမလို့သူအမြန်တားလိုက်ရတယ်။

~ ရပါတယ် ဦးလေး သက်သာရဲ့လား?? ~

~ အင်း သက်သာနေပါပီ ~

နေမကောင်းတာမို့ထွက်လာတဲ့ဦးလေးရဲ့အသံကတိုးဖျော့ဖျော့လေးဖြစ်နေတယ်။

~ မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပီတဲ့! ~

အခန်းထဲဝင်လာရင်းစကားပြောလာတဲ့သူကဦးလေးရဲ့သမီးငယ်!‌ရှန်းမေအော်!

LAST❤《completed》Where stories live. Discover now