part-17♥

4K 348 8
                                    

Unicode♡

💕တစ်ချို့လူတွေကပြောကြတယ်။
"ကိုယ်တိုင်ဖန်ဆင်းထားတဲ့ငရဲမျိုးမှာသူတို့နေပျော်ပါတယ်" တဲ့!
ဒါဆို ကိုယ်ကရော...
ဟန်ဖန်ဆင်းထားတဲ့ငရဲတွင်းထဲကိုခုန်ချခဲ့တဲ့သူလား??
နာကျင်ပီးပူလောင်နေပေမယ့်...ရုန်းထွက်ဖို့မကြိုးစားခဲ့တဲ့လူလေ။
ကိုယ်လည်းနေပျော်နေပါတယ် ဟန်!
ဟန်ဖန်ဆင်းခဲ့တဲ့ငရဲတွင်းထဲမှာပျော်ပျော်ကြီးကိုပူလောင်ခံရင်း...နေပျော်နေပါတယ်....💕

~ ~ ~ ~ ~ ~ ~ ❣ ~ ❣ ~ ❣ ~ ❣ ~ ❣ ~ ~ ~ ~ ~

အမှတ်တရတွေဟာ နာကျဉ်းဖို့သက်သက်ပဲ
ကျန်ရှိနေတော့တဲ့အခါ....
ရင်ဘတ်ကဒဏ်ရာဗလဗွနဲ့နှလုံးသားကို ဆွဲခြစ်မိတယ်။
ဟန်နဲ့ပတ်သတ်တဲ့ အမှတ်တရတွေသိမ်းဆည်းထားတဲ့...ဒဏ်ရာဗလဗွနဲ့နှလုံးသားငယ်ဟာ...ကြာမြင့်နေပီဖြစ်သည့်တိုင်...အနာမကျက်သေးပါလေ...
‌တဆစ်ဆစ်နာကျင်နေတဲ့ဘယ်ဘက်ရင်အုံငယ်ဟာ...နှလုံးသား အနာငယ်မှာသွေးထွက်နေပီဆိုတဲ့...စကားကိုအမှာပါးတယ်...
ဘာလုပ်ရမှာလဲ??
ဟန်မရှိတော့သည့်တိုင်...ကောင်းမွန်စွာရှင်သန်ရခြင်းတွေမှာ...ကျွန်တော်ဟာနေလို့မပျော်...

အသက်ရှုနေတဲ့စက္ကန့်တိုင်းရဲ့အပုံများစွာတိုင်းမှာ...ကိုယ်ဟန့်ကိုသတိရနေပါတယ်...

"ငါအဆင်ပြေပါတယ်!သူ့ကိုလုံးဝသတိရမနေပါဘူး!"
ကိုယ့်ရဲ့အလိမ်အညာစကားတွေပါ ဟန်!

ဟန်မရှိတော့တဲ့နောက်မှာ...ကိုယ်တစ်ဖက်ကမ်းခတ်တတ်မြောက်လာတဲ့ပညာရပ်...
*ဟန်ဆောင်လိမ်ညာခြင်း*ပါတဲ့ ဟန်!!

"အဆင်ပြေပါတယ်"လို့ပါးစပ်ကတိုးဖွဖွရွတ်ဆိုရင်း...ရင်ထဲကနာကျင်မှုတွေကိုထိန်းချုပ်ရတာ...

"မေ့နိုင်သွားပါပီ"လို့ခပ်တိုးတိုးလေးညည်းရင်း
စက္ကန့်တိုင်းမှာသတိရနေမိတာ...

"ပြန်လာခဲ့ပါ"လို့မတောင်းဆိုခဲ့ပေမယ့်...ဟန်ပြန်လာမယ့်နေ့ကိုပဲ...အရူးလိုမျိုးစောင့်မျှော်နေမိတာ....

တကယ်တော့ အဆင်ပြေမနေပါဘူး...

ဝရံတာမှာအမြဲထွက်ထိုင်ဖြစ်တယ်...

ဟန်ပြန်လာခဲ့ရင်...အဆင်သင့်ပြေးကြိုနိုင်အောင်လို့လေ....

LAST❤《completed》Onde as histórias ganham vida. Descobre agora