part-7❤❤❤

5.7K 514 7
                                    

⌚စက္ကန့်​တိုင်း...
မင်းအ​ကြောင်း​တွေး​နေတဲ့ကိုယ့်​ကို
သနား​သောအားဖြင့်​....
တစ်​ရက်​​လောက်​​တော့....
ကိုယ့်​အိမ်​မက်​ထဲကိုအလည်​လာခဲ့ပါ....
ချစ်​ရသူ.....

____________ LAST _____________

ရှောင်းကျန့်တံခါးဖွင့်ပီး​​​ဝရံတာ​ရှေ့ကိုထွက်​ရပ်​လိုက်​တယ်​။
ကောင်းကင်က​​ကြည်​လင်​​နေပီးအဖြူ ​ရောင်​တိမ်​​တွေကဟိုတစ်​စ၊သည်​တစ်​စလွင့်​​နေတယ်​။
နေ​ရောင်​ခြည်​က​တော့အခန်းထဲကစာ​ရေးခုံနားထိဖြာကျ​နေတယ်​။
* ဒီ​နေ့​တော့​နေသာပီပဲ *
ခပ်​တိုးတိုး​လေး​ရေရွတ်​မိပြန်​တယ်​။

❤ ~ ~ ~ ~ ~ ~ ❤
ရင်​ဖွင့်​စရာလူမရှိ​တော့တဲ့ဘဝမှာ....
ခပ်​တိုးတိုး​ရေရွတ်​ရုံကလွဲ....
ကျန်​တာသူဘာတတ်​နိုင်​မှာလဲ​လေ....

~ ~ ~ ~ ~ ~ ~ ~ ~ ❤ Gradual ~ ~ ~ ~ ~

ရှောင်းကျန့်​သက်​ပြင်းကိုခပ်​ဖွဖွချလိုက်​မိတယ်​!
* ဒီ​ကောင်​​လေး ဘာအကြံအစည်​​တွေရှိ​နေတာလဲ.?? *
တစ်​ပတ်​တိတိ^ဒီ​နေ့နဲ့ဆိုအဲ့​ကောင်​​လေးသူ့အိမ်​​ရှေ့ကိုလာ​နေတာတစ်​ပတ်​တိတိရှိပီ!
မနက်​ကိုးနာရီ​ဆိုရောက်​လာပီ^ညဆယ့်​တစ်​နာရီမှပြန်​တယ်​။သူသွားတဲ့​နေရာ​တွေလည်း​နောက်​ကတ​ကောက်​​ကောက်​နဲ့လိုက်​တယ်​။
* တကယ့် ​​​အလုပ်​မရှိ အကိုင်​မရှိ *
မိုး​ရေထဲမှာနှစ်​ခါ​တွေ့ရုံနဲ့အိမ်​​ရှေ့မှာ​နေ့တိုင်းလာရပ်​​နေတာဘာသ​ဘောနဲ့လဲ.??.
ရှောင်းကျန့်​သိချင်​ပါတယ်​^အ​ကြောင်းအရင်းကို!
ဒါ​ပေမဲ့သူ သူစိမ်း​တွေနဲ့စကားမ​ပြောချင်​ဘူး!
အထူးသဖြင့်​ က​လေက​ချေပုံ​ပေါက်​​နေတဲ့ဆယ်​​ကျော်​သက်​အရွယ်​သူစိမ်း​တွေ!
ဘာလိုလိုနဲ့ည​နေ​စောင်းလာပီ!
မိုးကအခုရက်​ပိုင်း​နေ့တိုင်းလိုလိုရွာ​နေတာ!
ခဏ​နေ​တော့မိုးဖွဲဖွဲ​လေး​တွေကျလာတယ်​။
အိမ်​​ရှေ့ကဟို​ကောင်​​လေးက​တော့တုပ်​တုပ်​မှမလှုပ်​ဘူး!!
ကျောက်​ရုပ်​ကြီးထိုင်​​နေသလိုပဲ!
တဖြည်းဖြည်းနဲ့မိုးကသည်းလာပီ။ကောင်​​လေးကအခုထိ​နေရာကတစ်​လှမ်းမှမ​ရွေ့​သေးပြန်​ဘူး!!
ရှောင်းကျန့်​ဆုံးဖြတ်​ချက်​တစ်​ခုချလိုက်​ပီ^ခက်​ခက်​ခဲခဲနဲ့​ပေါ့!
သူအဲ့​ကောင်​​လေးနဲ့​ဆွေး​နွေးသင့်​ပီ!!!
ထီးတစ်​​ချောင်းကိုယူရင်းအိမ်​​ရှေ့ကိုသွားလိုက်​တယ်​။
သူ့အ​ပေါ်ထီးမိုး​ပေး​တော့​မော့ကြည့်​လာတယ်​။
ခေါင်းစွပ်​မပါတဲ့မျက်​ဝန်း​တွေကစ​တွေ့တုန်းကလိုစူးရှမ​နေဘူး!အားနည်း​ဖျော့​တော့တဲ့ပုံ​ပေါက်​​နေတယ်​။

LAST❤《completed》Where stories live. Discover now