part-14❤❤❤

3.9K 334 5
                                    

Unicode❦

❣ပထမဆုံးနဲ့နောက်ဆုံးအတွက်...
ငါ့နှလုံးသားကိုမင်းကိုပေးအပ်ခဲ့တယ်!
ဒါပေမဲ့....မင်းက
တစ်ဘဝလုံးစာအတွက်...
ငါ့နှလုံးသားကို...
သေဆုံးစေခဲ့တယ်!!
ဘာ့ကြောင့်ပါလဲ.??.
ချစ်ရသူ....

~~~~~~~~~~❣❣❣

~ ဟန်!! ~

မာရသွန်ပြေးလာရတဲ့လူတစ်ယောက်လို‌ရှောင်းကျန့်အရမ်းမောဟိုက်နေတယ်။
အဆက်မပြတ်ကျဆင်းနေတဲ့ချွေးတွေကိုသူမသုတ်ဖြစ်!!
တုန်ယင်နေတဲ့လက်တစ်စုံနဲ့ရေတစ်ခွက်ယူသောက်မိတယ်
ဆက်မအိပ်ချင်တော့တာမို့ကော်ဖီတစ်ခွက်ဖျော်ပီးဝရံတာမှာထွက်ထိုင်နေမိတယ်။

~နောက်ထပ်အထီးကျန်တဲ့ညတစ်ညပဲ~

ကြယ်လေးတွေကိုကြည့်ရင်းခပ်တိုးတိုး‌လေးပဲသူရေရွတ်မိတယ်။

* ကိုယ်ဟာအိမ်မက်ထဲမှာတောင်ထားရစ်ခြင်းခံရတဲ့သူ!!*

~ ~ ~ ~ ~ ❤ I lost him ~ ~ ~ ~ ~ ~

သူနဲ့ကျွန်တော်လမ်းခွဲခဲ့တဲ့နေ့^...

~ ထပ်မတွေ့ဘဲနေကြရအောင် ~

သူ့နှုတ်ဖျားကထွက်လာတဲ့တစ်ခွန်းတည်းသောစကား!
သူကမြေကြီးကိုစိုက်ကြည့်ရင်းပြောလာတယ်။
ရုတ်တရပ်ဆန်စွာလမ်းခွဲမှု!!
ဘာ့ကြောင့်လဲ???
အဖြေမသိတဲ့မေးခွန်းတစ်ခုပဲ!!
စတွေ့တဲ့နေ့တုန်းကလိုပဲ....
မိုးတွေအရမ်းရွာနေတယ်...
ဒါပေမဲ့...
ရပ်ကြည့်နေတဲ့သူမရှိခဲ့ဘူး....
ဒါဆိုရင်... ဒူးထောက်နေတဲ့သူကရော...
သိက္ခာတရားတွေ၊မာနတွေကို
ကျွန်တော်အဲ့နေ့ကစွန့်ပစ်ခဲ့တယ်....
ကျွန်တော့်ကိုထားမသွားဖို့....
သူ့ကိုဒူးထောက်ခဲ့တာ!!!
ဒါပေမဲ့... သူထွက်သွားခဲ့တယ်။
မိုးရေထဲမှာ... ဒူးထောက်နေတဲ့ကျွန်တော့်ကို
ဥပေက္ခာပြုပီးတော့ပေါ့!
သူ့နောက်ကိုတော့...
ကျွန်တော် ပြေးမလိုက်သွားခဲ့ပါဘူး^
အနားမှာမနေချင်တဲ့သူ့ကို...အဆုံးစွန်အထိဆွဲထားချင်ပေမယ့်...
သူမပျော်ဘူးလေ.... ထွက်သွားပါစေတော့!

~ Good luck Ge ~ တဲ့!!

ချစ်ရသူနောက်ဆုံးပြောခဲ့တဲ့စကား!!
သူကျွန်တော့်ကိုဆုတော့တောင်းပေးခဲ့ပါရဲ့!
ဒါပေမဲ့ မပြည့်နိုင်တော့ပါဘူး^
*ပျော်ရွှင်မှုဆိုတာ..မင်းနဲ့မှဖြစ်တည်လာတဲ့အရာပါ...ဟန်*

LAST❤《completed》Where stories live. Discover now