Part-18♥<Final>

8.9K 438 29
                                    

Unicode ♥️

___________ ♥ LAST ♥ __________

~ ဖြစ်ခဲ့သမျှ ဒါအကုန်ပါပဲ အကို ~

‌ေ့ရှကကောင်မလေးရဲ့စကားအဆုံးတုန်ယင်နေတဲ့လက်တစ်စုံနဲ့စားပွဲပေါ်ကရေခွက်ကိုရှောင်းကျန့်ယူသောက်လိုက်ပေမယ့်ရင်ထဲကဆို့နင့်မှုတွေက ဘယ်လိုမှလျော့မသွား!
တစ်စထက်တစ်စရင်ထဲကလှိုက်လှိုက်လှဲလှဲကိုနာကျင်လာပေမယ့် မျက်ရည်ကကျမလာ။

ဘယ်ဘက်ရင်အုံကအရမ်းကိုနာကျင်နေပါတယ်။
သေမတတ်ကိုပဲ!
ကိုယ့်အနားမှာမရှိတော့ဘူးဆိုရင်တောင်အဝေးမှာ ပျော်နေမယ်လို့ထင်ခဲ့တာ။

‌လွန်ခဲ့တဲ့နာရီဝက်လောက်ကတင် ကိုယ့်ဆီကိုပြန်လာမယ်လို့ထင်နေသေးတာလေ။

အခုတော့...

*ဟန်ရာ...*

နှုတ်ခမ်းကိုကိုက်ပီးရင်ဘတ်ကိုထုရိုက်နေရုံကလွဲ သူဘာမှမတတ်နိုင်တော့။

ငိုချင်ပေမယ့်...ရင်ထဲမှာအရမ်းကိုပေါက်ကွဲမတတ်နာကျင်နေပေမယ့်...

လက်တွေ့မှာတော့...မျက်ဝန်းသေတွေနဲ့သာ...ဆိုင်အပြင်ဘက်ကိုသူငေးနေနိုင်ခဲ့တယ်။

ေ့ရှကမိန်းကလေးကတော့နားလည်တဲ့မျက်ဝန်းတွေနဲ့သာ သူ့ကိုကြည့်နေတယ်။

ကိုယ်တိုင်မခံစားဘူးရင်တောင်နားလည်ကြမှာပါ
ကိုယ်ချစ်တဲ့လူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်မျိုးကိုလေ...

~ အကို့ကို သူ့ဆီလိုက်ပို့ပေးပါ့မယ် ~

သူခေါင်းငြိမ့်မိလားတောင်မသဲကွဲတော့။

ခေါင်းထဲမှာဗလာကျင်းပီး အမြင်အာရုံမှာဟန့်ပုံရိပ်တွေချည်းပဲပေါ်နေတယ်။
ရင်ဘတ်ထဲကဆို့နင့်နေပီး...အရမ်းငိုချင်နေပီ။

ဟုတ်တယ်။သူအရမ်းငိုချင်နေတယ်။

ဒါပေမယ့် မျက်ရည်ကကျမလာ။

ငိုရတာများလွန်းလို့ကုန်သွားတာများလား??

မျက်ရည်တွေကရောခမ်းခြောက်တတ်ပါသလား???

သူတစ်ကယ်မသိ...

တစ်ကယ်တော့ သူဘာမှကိုမသိခဲ့တာပါ...

LAST❤《completed》Where stories live. Discover now