part-15♥♥♥

4.2K 367 10
                                    

Unicode ♥

~ ချစ်တယ် ကော ~

~ ဘယ်တော့မှမခွဲဘူးနော် ~

ရှောင်းကျန့်ပြုံးပြရင်းခေါင်းညိတ်လိုက်ပီးသူ့ရဲ့ရင်ခွင်ထဲပိုတိုးဝင်မိတယ်။

ဒါပေမဲ့....

နွေးထွေးတဲ့ရင်ခွင်လေးမရှိဘူး....

အေးစက်စက်မွေ့ရာလေးကိုသာစမ်းမိတယ်...

ခါးကိုသိုင်းဖက်ထားတဲ့လက်တွေလည်းမရှိဘူး...

အနွေးဓာတ်ရအောင်ကိုယ်ပေါ်မှာခြုံထားတဲ့ဂွမ်းဆောင်လေးပဲရှိတယ်....

ရှောင်းကျန့်မျက်လုံးတွေကိုဖွင့်လိုက်တယ်....

အေးစက်စက်အခန်းငယ်ထဲမှာအမှောင်ထုကကြီးစိုးနေတယ်....

မရှိတော့ဘူး....

အရင်လို....ဘေးနားကနေဇွတ်အတင်းသူ့ကိုဖက်ထားတတ်တဲ့သူ့ရဲ့ဟန်....

မနေတတ်လို့ရုန်းရင်ပိုတိုးဖက်တတ်တဲ့သူ့ရဲ့ဟန်....

ပူလောင်နေတဲ့ရာသီဥတုမှာတောင်သူ့အနားမှာပူးကပ်အိပ်တတ်တဲ့....သူချစ်ရတဲ့...သူ့ရဲ့ဟန်...

အခုဆောင်းတွင်းလေ....

ဘာလို့လဲ??ဘာလို့အရင်လို....ရှိမနေပေးတော့တာလဲ???

ဘယ်တော့မှထားမသွားဘူးလို့ပြောခဲ့တယ်မလား??

ပီးတော့....ကျွန်တော့်ကိုယုံကြည်ပါလို့ရောလေ...

ဘာလို့အဆုံးထိအတူရှိမနေပေးခဲ့တာလဲ???

မေးချင်ခဲ့တဲ့မေးခွန်းတွေပါ^^

ဟန့်နှုတ်ဖျားကထွက်လာမယ့်အဖြေ... အဲ့အဖြေကိုကြားနိုင်စွမ်းမရှိတာမို့..... မမေးဖြစ်ခဲ့တဲ့မေးခွန်းတွေပေါ့....

ညကြီးသန်းခေါင်ယံ....

တိတ်ဆိတ်နေတဲ့အချိန်ပါပဲ.... အရာအားလုံးကငြိမ်ငြိမ်သက်သက်ပဲရှိနေတယ်...

တစ်ချက်တစ်ချက်တော့လေစိမ်းတိုက်သံလေး....

သစ်ရွက်လှုပ်သံလေးတွေ.... ကြားနေရပေမယ့်ပေါ့...

အပြာရောင်တိုက်ပုလေးရဲ့....အေးစက်စက်အခန်းထဲကအမှောင်ထုထဲမှာတော့....ငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်ရှိနေတယ်....

LAST❤《completed》Where stories live. Discover now