Love Again ♥

3.7K 288 21
                                    

Uni

📒 Just a story!!

ကိုယ်မင်းကို‌အမြဲတမ်းတနေမယ်…ဟန်!နှစ်တွေအများကြီးကြာလာတဲ့အထိ!အချိန်အကြာကြီးအထိပေါ့ကွယ်……

ရှောင်းကျန့်ကဒီနှစ်ထဲမှာအသက်ခြောက်ဆယ်
ပြည့်တော့မှာဖြစ်တယ်။လူ့သက်တမ်း‌ေတွတိုလာတဲ့လူတွေအကြားမှာ သူကတော့အသက်ရှည်နေပုံရတယ်။ကံကြမ္မာကအရမ်းကိုရက်စက်ပါတယ်။တစ်စုံတတ်ယောက်ကိုလွမ်းနေရတဲ့ဒုက္ခတွေ…သူ့ကိုအကြာကြီးခံစားစေတယ်။

စာရေးဆရာတစ်ယောက်ဖြစ်တဲ့ရှောင်းကျန့်ကသူရဲ့ငှက်ငယ်လေးအကြောင်းကို အမှတ်တရအနေနဲ့စာအုပ်ထုတ်ဖြစ်ခဲ့တယ်။ထုတ်ဝေစအတွင်းမှာ‌တင်ရောင်းအားအကောင်းဆုံးဖြစ်သွားတယ်။ရှောင်းကျန့်ကတော့ဒါကသူ့ဟန်သူ့ကိုပေးတဲ့‌
ေနာက်ဆုံးကံကောင်းခြင်းတွေလို့ခံယူထားတယ်။

အထက်တန်း‌‌ေကျာင်းသူ‌ေလး‌ေတွကအဲ့
စာအုပျ‌လေးက‌ကွေကှဲစရာ‌လေးလို့‌
ေပြာတိုင်းသူခပ်ဖွဖွပြံုးမိတယ်။

~စာ‌ေရးဆရာကဘာလို့ပေးမငြားဘဲ
အဲ့လိုရက်စက်လိုက်ရတာလဲ?!~

ဒီစကားသံတွေကိုကြားတိုင်းရှောင်းကျန့်က
သူ့ဝဲဘက်ရင်အုံသူလက်နဲ့ဆုပ်ကိုင်မိတယ်။ဖြူစင်တဲ့က‌ေလးမ‌ေလး‌ေတွရဲ့မချိတင်ကဲ‌ေရရွတ်သံကသူ့နှလံုးသားကိုဓားနဲ့ခပ်ဖွဖွထိုးစိုက်‌
ေနဟန်။

အချိန်‌ေတွတစ်ဖြေးဖြေးကုန်ဆုံးလာတယ်။အဖြူရောင်အုတ်ဂူလေးဟာသစ်လွင်နေတုန်းပဲ။
ဂစ်တာတစ်လက်ယူလာပီးပန်းတစ်စည်းကိုအမြဲတမ်းအုတ်ဂူပေါ်လာလာတင်တတ်တဲ့ကောင်လေးကလည်းဆံပင်တွေဖြူလာပီ။ပါးရေတွေတွန့်ပီးချိတုံချတုံဖြစ်လာတယ်။ဒါပေမယ့်တစ်ပတ်တစ်ခါအချိန်မှန်အုတ်ဂူလေးရှေ့ကိုသူလာနေတုန်းပဲ။နားဝင်မချိုတဲ့အသံခက်အက်အက်နဲ့သီချင်းတွေကိုဆိုနေတုန်းပဲ။သံစဉ်မဆုံးခင်မှာလည်းသူ့နှုတ်ခမ်းသူကိုက်ရင်း
ရှိုက်ငိုနေတုန်းပဲ။

တစ်နေ့…သူလွတ်မြောက်သွားတဲ့တစ်နေ့ပေါ့…
အဖြူရောင်နှင်းမှုန်လေးတွေကြားကအုတ်ဂူဖြူလေးရှေ့မှာ…ဂစ်တာလေးကိုပိုက်ရင်း
အိပ်စက်နေတဲ့အဖိုးအိုတစ်ဦးကိုသူတို့တွေ့ခဲ့ကြတယ်။အဖိုးအိုလေးက‌ေပျာ်ရွှင်နေဟန်ပါပဲ။
အပြုံးဖျော့ဖျော့နဲ့နှုတ်ခမ်းအောက်ကမှဲ့လေးကလည်းထင်းလို့!ပီး…သူအိပ်ပျော်သွားခဲ့တယ်။
မနိုးနိုင်သောထာဝရအိပ်စက်ခြင်းနဲ့ပေါ့….

LAST❤《completed》Where stories live. Discover now