part-13❤❤❤

4.4K 426 8
                                    

Unicode❦

ရှောင်းကျန့်အခုလမ်းမဘေးတွင်မတ်တပ်ရပ်နေသည်မှာအချိန်အတော်ကြာပီဖြစ်သည်။စိတ်ထဲတွင်တော့ဝမ်းနည်းမှု၊နားမလည်မှုနှင့်ကြောက်စိတ်တို့ရောပွမ်း၍ကြီးစိုးနေသည်။မျက်ဝန်းတို့မှာလည်းဆိုင်အတွင်းပိုင်းတစ်နေရာကိုသာငေးစိုက်ကြည့်နေမိသည်။
* ဒါလား??အရေးကြီးကိစ္စရှိတယ်ဆိုပီးအပြင်ထွက်သွားတာ...သူနဲ့တွေ့ဖို့တဲ့လား??*
ရုပ်ရည်နဲ့အပြင်အဆင်အရအဆင့်အတန်းမြင့်တဲ့ပုံစံနဲ့ကောင်မလေး!!သူ့ရဲ့ဟန်နဲ့ကော်ဖီဆိုင်ထဲမှာစကားပြောနေကြတာ!!
ရယ်လို့ပြုံးလို့ပါလား...ဟန်ရယ်!!
ဘာရယ်မဟုတ်!ထွက်သွားတာတစ်နာရီကျော်နေပီမလို့လိုက်ရှာမိတဲ့သူ့အပြစ်တွေလား??
ချောမောတဲ့ကောင်မလေးတစ်ယောက်နဲ့ပျော်ရွှင်စွာစကားပြောနေတဲ့သူ့ကိုကြည့်ရင်းတွေးမိလာသည်များကအစိုးမရစွာ!!နှလုံးသားထဲအထိစိမ့်ဝင်လာတဲ့ဝမ်းနည်းမှုကြောင့်မျက်ရည်စတို့ကထွက်ပေါ်လာပြန်တယ်။
*မဟုတ်သေးဘူးလေ!!သူဒီလိုတွေးစရာမလိုပါဘူး!!ဟန် ကသူ့သူငယ်ချင်းနဲ့စကားပြောရုံပဲလေ!!အင်း!ဟုတ်တယ်!!ဟန့် ကိုသူသံသယမဝင်သင့်ဘူး!!*
ကော်ဖီဆိုင်လေးရဲ့အခန်းတံခါးလေးပွင့်သွားမှုနဲ့အတူ သူလမ်းကိုခပ်မြန်မြန်ကူးဖြတ်လိုက်တယ်။

~ ကော ဒီကိုဘယ်လိုလုပ်... ~

အံ့သြခြင်းများစွာနဲ့အတူမေးလာတယ်။

~ ထွက်သွားတာကြာနေပီမလို့ ~

အမှန်အတိုင်းပဲပြန်ဖြေဖြစ်တယ်။
သူဘာကိုမှကြောက်နေစရာ၊ဂရုစိုက်စရာမလိုဘူးမလား??

~ ကော ကျွန်တော့်နောက်ကိုလိုက်လာတာပေါ့!!
Arrr..!! ပျော်လိုက်တာ ~

ရုတ်တရပ်ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရတာကြောင့်သူ့အတွေးတွေမှားခဲ့ကြောင်းသိလိုက်ရတယ်။

~ အဟမ်း!!ဝမ်ရီပေါ် ~

ဘေးကရပ်နေတဲ့ကောင်မလေးကဟန်လုပ်ချောင်းဆိုးပြပီးဝမ်ရီပေါ့်ကိုသတိပေးလာတယ်။
ရှောင်းကျန့်အခုမှသတိထားမိသွားတယ်။
* သူတို့ကအခု ကော်ဖီဆိုင်ေ့ရှမှာ ဖက်နေကြတာပဲ!!*
ရှောင်းကျန့်ဝမ်ရီပေါ့်ကိုတွန်းလိုက်တော့အလိုက်တသိပဲသူ့ကိုဖက်ထားတဲ့လက်တွေဖြေလျော့သွားတယ်။

LAST❤《completed》Where stories live. Discover now