part-4❤❤❤

6.9K 464 2
                                    

❤ နူးညံ့တာကိုမကြိုက်တဲ့ကိုယ်ဟာ....
မင်းကြောင့် *ဟန်* ဆိုတာကို....
အဖျားဆွတ်ခေါ်တတ်ခဲ့တာ....

~~~~~~~~~~~~~~~~ Coincidence ❤

~ ရှောင်းကျန့် ~

ဆိုင်ထဲသို့ဝင်ဝင်ချင်းအော်သံကြားလို့ကြည့်လိုက်တော့လက်လှမ်းပြနေတဲ့ချစ်သူငယ်ချင်းကြီးကျောချန်...
သူ့အော်သံကြောင့်ဆိုင်ထဲကလူတွေကကွက်ကြည့်ကွက်ကြည့်။ အင်းလေ...တိတ်တိတ်ဆိတ်ဆိတ်နေချင်လို့ဒီဆိုင်ကိုလာကြတာပဲ!အော်သံကြားမှတော့လှည့်ကြည့်ပီပေါ့!

~ တိုးတိုးပြော ဒီဆိုင်ကဆူတာမကြိုက်ဘူး ~

တကယ်တော့ဒီဆိုင်ကအေးအေးဆေးဆေးနေတတ်တဲ့လူတွေအတွက်သီးသန့်ကော်ဖီဆိုင်လေး!
အပြင်အဆင်သပ်ရပ်တဲ့အပြင်စာအုပ်စဉ်လေးပါရှိတဲ့ဆိုင်လေးကရှောင်းကျန့်ရဲ့တစ်ခုတည်းသောအပန်းဖြေတဲ့နေရာပဲ!
ပညာတော်သင်အဖြစ်နဲ့နိုင်ငံခြားမှာသုံးနှစ်ကျောင်းသွားတက်ခဲ့တဲ့သူငယ်ချင်းနဲ့စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။သူ့ဇနီးလောင်းဆိုတဲ့ကောင်မလေးပုံပြတော့မနာလိုတောင်ဖြစ်မိတယ်။သူ့ရုပ်နဲ့ရှာတတ်ချက်က!
အကြာကြီးစကားပြောပီးတော့သူပြန်သွားတယ်။
မိုးတွေအုံ့လာတာမလို့သူ့ကိုပြန်ခိုင်းလိုက်တာ!
နောက်နာရီဝက်လောက်ဆိုရင်ကိုယ်လမ်းလျှောက်ပြန်မှာမလို့လေ။
စာအုပ်စဉ်ကနေဘာသာပြန်တစ်အုပ်လောက်ယူပီးထိုင်ဖတ်နေလိုက်တယ်!နာရီဝက်ဆိုတဲ့အချိန်လည်းတန်ဖိုးရှိတယ်မလား....

~ ခဏလောက် ထိုင်ခွင့်ပြု မလား ~

ကြားဖူးနားဝရှိတဲ့ခပ်ရှရှအသံလေးကြောင့်မော့ကြည့်လိုက်တယ်။သူပါပဲ။
မိုးရေထဲမှာဆုံခဲ့တဲ့ကောင်လေး!!
ဘေးဝိုင်းတွေကိုဝေ့ကြည့်လိုက်တော့လူပြည့်နေတာမလို့ခေါင်းတစ်ချက်ငြိမ့်ပြပီးထိုင်ခိုင်းလိုက်တယ်!
ပီးမှကိုယ့်စာကိုယ်ပြန်ဖတ်နေလိုက်တယ်။
စကားပြောရအောင်လည်းမရင်းနှီးဘူးမလား....။
ခဏကြာတော့မိုးတွေရွာလာတယ်။ကိုယ့်စာအုပ်ကိုနေရာမှတ်လိုက်ပီးစာအုပ်စဉ်ပေါ်သွားထားလိုက်တယ်။
ကော်ဖီဖိုးရှင်းပီးပြန်မယ်အလုပ်အကျီကိုလာဆွဲတဲ့လက်ချောင်းဖြူ ရှည်ရှည်လေး!!!

LAST❤《completed》Donde viven las historias. Descúbrelo ahora