part-2❤❤❤

11.5K 570 0
                                    

အပြာရောင်တိုက်ပုလေးရဲ့ဝရံတာေ့ရှမှာ
မိုးရေတွေကြားရပ်နေတဲ့ကောင်လေးတစ်ယောက်.....။
ပါးပြင်ပေါ်ကပူနွေးစိုစွတ်မှုတွေကမိုးရေတွေကြောင့့်ပဲလား???
ဒါမှမဟုတ် .....
နာကျင်ဖွယ်အတိတ်တစ်ခုကြောင့်ရယ်လား?...
သူကိုယ်တိုင်မှလွဲ မည်သူကသိနိုင်ပါ့မလဲလေ.....။

❤ ရင်နာစရာအတိတ်ကိုတစ်ခါပြန်သွားပီး.....
နာကျင်မှုများကိုမျှဝေခွင့်ပြု ကြပါလေ....။

~~~~~~~~~~~~ Accident *

~ မိုးတွေရွာလာပီပဲ ~

ကားဂိတ်မှာကားစောင့်နေရင်းရုတ်တရပ်ရွာချလာသောမိုးကြောင့်busကားစောင့်နေသူများထံမှညဉ်းညူ သံများထွက်လာကြသည်!
ရှောင်းကျန့်ကမူခပ်ပြုံ းပြုံ းဖြင့်သာ!
*ခက်တာပဲ လူတွေကတော့ သူတို့မကျေမနပ်ပြောတိုင်းမိုးကတိတ်သွားမှာကျနေတာပဲ*
ကျောင်းဆင်းချိန်ဖြစ်တာကြောင့်ကျောင်းသူ၊ကျောင်းသားများကားဂိတ်သို့ပြေးဝင်လာကြသည်မှာအလုံးအရင်းဖြင့်!
ရှောင်းကျန့်ကားဂိတ်အမိုးမှကျလာသောရေများကိုလက်ဖြင့်ခံနေရာမှရပ်တန့်လိုက်သည်။
အိတ်ထဲမှထီးအားကားစောင့်နေသောအဘွားအိုတစ်ဦ ကိုထုတ်ပေးတော့အပြုံးချိုချိုတစ်ခုနဲ့ကျေးဇူးတင်စကားကိုလက်ဆောင်ရလေသည်။
အမိုးအကာမပါဘဲကားဂိတ်ထဲကနေရှောင်းကျန့်ပြေးထွက်လာခဲ့တယ်!စာရေးဆရာတစ်ဦးဖြစ်တဲ့ရှောင်းကျန့်ဟာလူများတဲ့နေရာတွေကိုမုန်းတယ်!ပီးတော့မိုးရေစက်တွေကိုသူအရမ်းသဘောကျတယ်!
မိုးတွေရွာပီဆိုအိမ်အထိသူလမ်းလျှောက်ပြန်လေ့ရှိတယ်!
အမိုးအကာမပါဘဲနဲ့ပေါ့!
မိုးရေထဲမှာပြေးနေတဲ့လူတွေကြားအေးဆေးတည်ငြိမ်စွာလမ်းလျှောက်နေတဲ့ရှောင်းကျန့်ကိုလူတိုင်းကထူးဆန်းသလိုကြည့်သွားကြတယ်!
ဒါလူ့သဘာဝပဲလေ
ကျန်တဲ့လူတွေအားလုံးနဲ့ကွဲထွက်နေတဲ့သူကလူထူးဆန်းပဲပေါ့!

~ ကိုမရှိဘဲချစ်မနေနိုင်လို့ပါ ~

ရှောင်းကျန့်မိုးရွာတိုင်းအိမ်ပြန်နေကျလမ်းလေးဟာချောင်ကျတယ်!လူလည်းအမြဲလိုလိုပြတ်နေတတ်တာကြောင့့်သူ့အတွက်တော့အေးချမ်းတဲ့လမ်းလေးပေါ့!
ရှောင်းကျန့်ရဲ့စိတ်အစဉ်ဟာအခုတော့ညစ်မှိုင်းသွားရပီ!
သူပြန်နေကြလမ်းကြားထဲမှာအတွဲတစ်တွဲရန်ဖြစ်နေတယ်!
အင်း^ရန်ဖြစ်တယ်လို့ပြောလို့လည်းမရနိုင်ဘူး!ဘာလို့ဆိုကောင်မလေးကကောင်လေးေ့ရှမှာဒူးထောက်ပီးရှိနေတာကြောင့်!မိုးတွေပိုသည်းလာတာကြောင့်ကောင်မလေးပြောနေတဲ့စကားသံတွေကိုသူမကြားရ!ဒါပေမဲ့ဒူးထောက်နေတာမို့လမ်းမခွဲရအောင်တောင်းပန်စကားပြောနေမှန်းသူအလွယ်တကူနားလည်လိုက်တယ်!ဒါပေါ့!သူကစာရေးဆရာတစ်ဦ ပဲလေ!
ကောင်လေးကတော့မီးငြိမ်းနေပီဖြစ်တဲ့ဆေးလိပ်ကိုအကြည့်မပျက်!
ရှောင်းကျန့်မျက်ခုံးတွေအလိုမကျမှုကြောင့်တွန့့်ချိုးသွားရတယ်!စိတ်ရှုပ်ဖို့ကောင်းလိုက်တာ.....
သူအဲ့အတွဲကြားကနေဘယ်လိုဖြတ်ရမှာလဲ!
ရှောင်းကျန့်ကလူတွေနဲ့ဆက်ဆံမှုသိပ်မရှိပေမဲ့လူမှုရေးတော့နားလည်သင့်သလောက်နားလည်ပါတယ်!
ရှောင်းကျန့်အဆုံးဖြတ်ရခက်နေတဲ့အချိန်မှာကောင်လေးကသူ့ဘက်ကိုလှည့်လာတယ်!
ခေါင်းစွပ်အောက်ကမိုးရေစိုနေတဲ့မျက်နှာနုနုဟာအကြည့့်မလွှဲနိုင်အောင်ဆွဲဆောင်မှုအပြည့်နဲ့!
ကောင်လေးကဒူးထောက်နေတဲ့ကောင်မလေးကိုကျောခိုင်းပီးသူ့ဆီလျှောက်လာတယ်!အခုထိရှောင်းကျန့်ရပ်နေမိတုန်းပဲ!ကောင်လေးကသူ့ကိုတည့်တည့်ကြည့်ပီးတော့လျှောက်လာတာ!

LAST❤《completed》Where stories live. Discover now