part-12❤❤❤

4.3K 405 14
                                    

Unicode❦

🎶Cause I give you all of me...
And you give me all of you...
give me all of you... 🎶

ရှောင်းကျန့်ရေဒီယိုကလာနေတဲ့သီချင်းလေးကိုခပ်တိုးတိုးလေးလိုက်ညည်းနေမိတယ်။
ကြာခဲ့ပါပီ!!မဟောင်းနိုင်သေးတဲ့အတိတ်တွေနဲ့တိုက်ဆိုင်နေတဲ့ဒီသီချင်းကိုသူအရမ်းသဘောကျမိတာ!!
ဘာလို့လဲ???
သီချင်းထဲကလိုပေါ့!!

🎼Cause all of me loves all of you...
ကိုယ့်ရဲ့စိတ်အလုံးစုံဟာမင်းရဲ့အရာအားလုံးကိုချစ်နေတာကြောင့်ပါ...ဟန်

~ ~ ~ ~ ~ ~ ~ ❤ ❤ ❤ ~ ~ ~ ~ ~ ~ ~

~ ကောရာ!ချွေးတွေထွက်လာပီ^အာ့ကြောင့်ပြောပါတယ်!ကျွန်တော်တစ်ယောက်ထဲလုပ်ပါ့မယ်ဆိုတာကို ~

ဝမ်ရီပေါ်ကဆူသလိုလေးပြောနေပီးရှောင်းကျန့်နဖူးပေါ်ကချွေးတွေကိုတဘက်ဖြူလေးနဲ့သုတ်ပေးနေတယ်။

~ ဟန်ကကော မပင်ပန်းလို့လား?? ~

ရှောင်းကျန့်အရင်လိုတွန့်ဆုတ်ခြင်းမရှိတော့ဘဲ ဟန် ဆိုတဲ့နာမ်စားကိုခေါ်တတ်လာပီဖြစ်သည်။ဟန် ဆိုတဲ့နာမ်စားကိုအစတုန်းကနူးညံ့တယ်ဆိုပီးခေါ်လို့မထွက်ခဲ့ဘူး!!ဝမ်ရီပေါ်ရဲ့တဇွတ်ထိုးဆန်မှုကြောင့်ဆယ်ရက်အတွင်းအဲ့နာမ်စားကိုသူလေ့ကျင့်ပီးခေါ်ရတာ!!ဘာတဲ့??
* ကောတစ်ခါနာမ်စားမှားခေါ်ရင်တစ်ခါနမ်းမှာ!!ကျွန်တော်ဘယ်လောက်လက်ရဲဇက်ရဲနိုင်လဲကောသိတယ်မလား?? *တဲ့!!
လျှာယားပေမယ့်သည်းခံပီး ဟန် ဆိုတဲ့နာမ်စားကိုခေါ်လာခဲ့တာ!!အခုဆိုရက်နှစ်ဆယ်ကျော်ပီဆိုတော့အကျင့်တော့ဖြစ်နေပါပီ!!

~ ကော!ဒါလေးသောက်ပီးထိုင်စောင့်နေနော်!~

လိမ္မော်ဖျော်ရည်လေးကိုရှောင်းကျန့်လက်ထဲထည့်ပေးရင်းဝမ်ရီပေါ်ကပြောလာသည်။

~ တစ်ဝက်နီးပါးကျန်သေးတယ်လေ!ဟန်ရာ ~

~ ကော!စကားနားထောင်ပါ!!အိမ်တစ်ဝက်ကကျွန်တော့်အတွက်ဘယ်လောက်မှမကြာဘူး!ကောသာနားနားနေနေ နေ!ဟုတ်ပီလား?? ~

ဝမ်ရီပေါ်ကပြုံးပြရင်းရှောင်းကျန့်ပုခုံးပေါ်တံဘက်ဖြူလေးတင်ပေးလာတယ်။

~ ခဏပါပဲ!! ~

ရှောင်းကျန့်လည်းခေါင်းသာငြိမ့်ပြပီးဝရံတာတွင်ထိုင်ကာဝမ်ရီပေါ့်အားလိုက်ကြည့်နေလိုက်တော့သည်။
ဝမ်ရီပေါ်နှင့်စကားနိုင်လုလျှင်လဲသူသာအမြဲအရှုံးပေးရသည်ကြောင့်ပင်။
ဆေးသုတ်တံနှစ်ချောင်းနှင့်တစ်အိမ်လုံးအားအပြာရောင်ချယ်နေသောဝမ်ရီပေါ်!!
အပြာရောင်ဆေးပုံးတွေအများကြီးမနေ့ကပဲသူတို့အိမ်ကိုလာပို့တာ!!စစချင်းတုန်းကရှောင်းကျန့်ကအိမ်လွဲတယ်ထင်နေတာ!!ပီးတော့မှဝမ်ရီပေါ်
ကသူမှာထားတာတဲ့!!
တစ်အိမ်လုံးကိုအပြာရောင်သုတ်ချင်တယ်တဲ့!!ဘာလို့လဲဆိုတော့ *ဒီအိမ်လေးကိုကျွန်တော်တို့နှစ်ယောက်အတွက်သီးသန့်ကောင်းကင်လေးဖြစ်စေချင်လို့ *တဲ့!!တကယ့်စာရေးဆရာသူတောင်အဲ့လောက်စိတ်ကူးယဉ်မဆန်တတ်ဘူး!!တကယ်တော့ဝမ်ရီပေါ်ကအရမ်းစိတ်ကူးယဉ်ဆန်တဲ့ကောင်လေးတစ်ယောက်!!သူလိုချင်တာရရင်တော့ကလေးလေးလိုပျော်ရွှင်နေရောပဲ!!
ဝမ်ရီပေါ်ကတကယ်တော့ကလေးလေးတစ်ယောက်ပါပဲ!!တစ်ခါတစ်လေ တဇွတ်ထိုးဆန်တာကလွဲရင်ပေါ့!
ရှောင်းကျန့်ကိုကြည့်ပီးပြုံးပြလိုက်၊အိမ်ကိုဆေးပြန်သုတ်လိုက်နဲ့အလုပ်များနေတဲ့ဝမ်ရီပေါ့်ကိုကြည့်ရင်းရှောင်းကျန့်စကားတစ်ခွန်းကိုခပ်တိုးတိုးရေရွတ်မိတယ်။

LAST❤《completed》Where stories live. Discover now