[Zawgyi]
"Happy Birthday to you..Happy Birthday to you...Happy Birthday dear May Lay...Happy Birthday..To...you......."
လူကုန်တန်မိသားစုရဲ့မွေးနေ့ပွဲလေးတစ်ပွဲပေါ့...Nightingale Group CEOဦးဘုန်းမြတ်၏သမီးဖြစ်သူမေအက်စစ်အသက်၁၄နှစ်ပြည့်သောမွေးနေ့ဖြစ်၏...
"မေလေး..ဒီနှစ်တော့သမီးအတွက်မွေးနေ့လက်ဆောင်ကိုဒယ်ဒီကြိုမစီစဉ်ထားဘူး..သမီးလိုချင်တာကိုပဲပြော..ဒယ်ဒီရအောင်လုပ်ပေးမယ်.."
သူ့ဖခင်၏စကားကိုနားထောင်ရင်းသူမတစ်ချက်ပြုံးကာ..
"ဒါဆို..မေလိုချင်တာကိုဒယ်ဒီကတကယ်ရအောင်လုပ်ပေးမှာလား.."
ဦးဘုန်းမြတ်ကခေါင်းတစ်ဆက်ဆက်ညိတ်ပြကာ..
"ဒါပေါ့..လုပ်ပေးမှာပေါ့.."
"မေကစားစရာအရုပ်တစ်ရုပ်လိုချင်တယ်.."
ဦးဘုန်းမြတ်ကပြုံးလျှက်သာခေါင်းညိတ်ပြ၏..သို့ပေမယ့်မေကသူ့ဖခင်၏မျက်နှာကိုတည့်တည့်ကြည့်ကာ..
"ဒါပေမယ့်..ဒယ်ဒီရအောင်လုပ်ပေးနိုင်မယ်ဆိုတာသေချာရဲ့လား.."
"သေချာပါတယ်သမီးရဲ့..ဒယ်ဒီမရရအောင်လုပ်ပေးမယ်လို့ဂတိပေးတယ်..သမီးကဘာအရုပ်လိုချင်တာလဲ.."
မေကတစ်ချက်ပြုံးကာ..
"မေလိုချင်တာအသက်ရှိတဲ့အရုပ်..လူသားသက်ရှိအရုပ်ပါဖေဖေ.."
မေ့စကားကြောင့်အားလုံးအံ့အားသင့်ကုန်ကြ၏..ဦးဘုန်းမြတ်ကိုယ်တိုင်လည်းနားမလည်နိုင်..
"ဟုတ်တယ်ဒယ်ဒီ..မေအဲ့ဒါလိုချင်တယ်..မပေးနိုင်ဘူးဆိုရင်ဒယ်ဒီ့ကိုမေတစ်သက်လုံးစကားမပြောတော့ဘူး.."
"မေ...သမီးဟာကမဖြစ်နိုင်ဘူးလေ.."
"မသိဘူး..မေဖြစ်ချင်တာကိုရအောင်လုပ်ပေးပါ..ဒါပဲ.."
"မေ...ဒယ်ဒီဒါကိုတော့မလုပ်ပေးနိုင်ဘူး.."
"ဘာလို့လဲ..ဘာကြောင့်လဲ..မလုပ်ပေးနိုင်ဘူးဆိုရင်မေကတော့ထမင်းလည်းမစားဘူးရေလည်းမသောက်ဘူးဒယ်ဒီ့ကိုလည်းမခေါ်တော့ဘူး.."
စိတ်ဆိုးစွာအပေါ်ထပ်ကိုပြေးတက်သွားတဲ့မေအက်စစ်..ဒီကလေးကိုအမေမရှိတဲ့မိတဆိုးလေးဆိုပြီးအလိုလိုက်ခဲ့မိတဲ့ကိုယ်ပဲမှားလေသလား..အခုလောက်ထိမေကဆိုးသွမ်းသွားမယ်လို့ထင်မထားခဲ့တာကတော့အမှန်..
YOU ARE READING
ကောင်းကင်ပျောက်တဲ့ကြယ်(Completed)
Teen Fiction[Zawgyi] အများအမြင်မှာတော့ကိုယ်ဟာကြယ်တစ်ပွင့်..မှန်ပါတယ်..ကိုယ်ဟာကြယ်တစ်ပွင့်ပါပဲ..ဒါပေမယ့်..ကောင်းကင်ပျောက်နေတဲ့ကြယ်တစ်ပွင့်.. [Unicode] အများအမြင်မှာတော့ကိုယ်ဟာကြယ်တစ်ပွင့်..မှန်ပါတယ်..ကိုယ်ဟာကြယ်တစ်ပွင့်ပါပဲ..ဒါပေမယ့်..ကောင်းကင်ပျောက်နေတဲ့ကြယ်တစ်...