[Zawgyi]
မမမှားများမှားသွားပြီလားသစ်ရယ်..မမဆုံးဖြတ်တာတကယ်ကိုမှားသွားပြီထင်တယ်..ဒယ်ဒီ့အတွက်တော့မမကသမီးကောင်းတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သစ်အတွက်တော့မမကတရားပါ့မလားကွာ...မမအလျင်အမြန်ချလိုက်တဲ့ဒီဆုံးဖြတ်ချက်ကြောင့်သစ်ရောမမရောတစ်သက်လုံးစိတ်ဆင်းရဲသွားဖို့ဖြစ်သင့်ရဲ့လားကလေးရယ်..
"မေလေး..သမီး..ကြီးကြီးဝင်ခဲ့မယ်နော်.."
"ဟုတ်ကဲ့ကြီးကြီးမြ.."
အခန်းတံခါးကိုတွန်းဖွင့်လိုက်ကာမေ့အနားဝင်ထိုင်လိုက်၏...ထို့နောက်သက်ပြင်းတစ်ချက်ချလိုက်ကာ...
"မေလေး...ဒီနေ့သမီးဆုံးဖြတ်ချက်ချလိုက်တာအရမ်းမမြန်လွန်းဘူးလားကွယ်...သမီးရဲ့စိတ်မြတ်လက်မြန်အကျင့်ကြောင့်ပဲအမှားတွေလည်းအများကြီးဖြစ်ခဲ့ရတယ်လေ..သမီးရဲ့အဲ့ဒီအလျင်အမြန်ဆုံးဖြတ်ချက်တွေကြောင့်ကြယ်စင်လေးဒီအိမ်ကိုရောက်လာပြီးနှစ်ပေါင်းများစွားသမီးကိုမုန်းတီးနေခဲ့တယ်..အခုလည်းသမီးရဲ့ဒီလိုဆုံးဖြတ်ချက်တွေကြောင့်ကြယ်စင်လေးကိုတစ်ဘဝလုံးအတွက်အမာရွတ်တွေပေးဦးမလို့လားမေလေးရယ်...ကြယ်စင်ဘယ်လိုခံစားရမလဲမေမစဉ်းစားတော့ဘူးလားကွယ်.."
"ကြီးကြီး....မေမှားသွားပြီထင်တယ်..."
ကြီးကြီးမြကိုဖက်ကာမေတရှုံ့ရှုံ့ငိုနေမိသည်..
"ကြီးကြီးနားလည်ပါတယ်..သမီးလည်းသမီးဒယ်ဒီနဲ့ကြယ်စင့်ကြားဘယ်လိုခံစားနေရမလဲဆိုတာ..ဒါပေမယ့်သမီးရယ်...သမီးတို့၂ယောက်လုံးအကြောင်းကိုသိနေတဲ့ကြီးကြီးအနေနဲ့တော့အခုလို၂ယောက်လုံးဒဏ်ရာရမယ့်လမ်းကိုမရွေးစေချင်ဘူး.."
"အဟင့်...မေ..မေဘာဆက်လုပ်ရမလဲကြီးကြီး.."
"အော်...မေလေးရယ်..အခုတော့ဘယ်တတ်နိုင်ပါ့မလဲ..သမီးဒယ်ဒီကဟိုဘက်ကိုတောင်အကြောင်းပြန်ပြီးပြီ..အမျိုးမျိုးထပ်ပြောရင်သမီးဒယ်ဒီမျက်နှာပျက်ရမှာပေါ့ကွယ်..အခုတော့ခဏလောက်နေပါဦး..နောက်တော့ကြီးကြီးကြံပေးပါ့မယ်.."
မေကတော့ကြီးကြီးဒေါ်မြခက်ပခုံးပေါ်သာမှီရင်းကျန်နေတော့လေသည်..
YOU ARE READING
ကောင်းကင်ပျောက်တဲ့ကြယ်(Completed)
Teen Fiction[Zawgyi] အများအမြင်မှာတော့ကိုယ်ဟာကြယ်တစ်ပွင့်..မှန်ပါတယ်..ကိုယ်ဟာကြယ်တစ်ပွင့်ပါပဲ..ဒါပေမယ့်..ကောင်းကင်ပျောက်နေတဲ့ကြယ်တစ်ပွင့်.. [Unicode] အများအမြင်မှာတော့ကိုယ်ဟာကြယ်တစ်ပွင့်..မှန်ပါတယ်..ကိုယ်ဟာကြယ်တစ်ပွင့်ပါပဲ..ဒါပေမယ့်..ကောင်းကင်ပျောက်နေတဲ့ကြယ်တစ်...