အပိုင်း(၆)

3.4K 285 7
                                    

[Zawgyi]

"မေလေး..."

မေ့မျက်လုံးတစ်စုံကိုအမှောင်ထုထဲမှရုန်းကန်တွန်းလှန်လိုက်စဉ်ပထမဆုံးကြားလိုက်ရတဲ့အသံကဩရှရှအသံတစ်ခု..ဒယ်ဒီ့အသံဆိုတာမေသိလိုက်သည်..မေ့ရဲ့ကမ္ဘာမှာအသံအကောင်းဆုံးလူသားဟာဒယ်ဒီပါပဲ..မေ့မျက်လုံးတွေကိုအားယူဖွင့်ကြည့်လိုက်တော့မေ့လက်တွေကိုဆုပ်ကိုင်လျှက်မေ့ကိုငုံ့ကြည့်နေသောလူသား..မေ့ရဲ့ကမ္ဘာပေါ်ကအခန့်ညားဆုံးလူသား..ဒယ်ဒီပဲပေါ့..

"ဒယ်ဒီ..."

"အင်း..သက်သာရဲ့လားသမီးလေး.."

ဒယ်ဒီ့ရဲ့မျက်မှန်အောက်ကမျက်ဝန်းတွေကမေ့ကိုစကားတွေအများကြီးပြောနေတယ်..မေ့ကိုဘယ်လောက်စိတ်ပူနေကြောင်းအဓိပ္ပါယ်တွေဖွင့်လို့နေတယ်..မေဆိုတဲ့ခပ်ဆိုးဆိုးကောင်မလေးကိုဒီကမ္ဘာမှာအချစ်ဆုံးလူသားဟာဒယ်ဒီပါပဲ..မေလည်းဒယ်ဒီ့ကိုသိပ်ချစ်ရပါသည်..

မေကခေါင်းသာညိတ်ပြရင်းဦးဘုန်းမြတ်ကိုကြည့်လို့နေ၏..

မေပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့လိုက်ကာဖြူဖြူများကာထားသောအခန်းတစ်ခုထဲတွင်မေရောက်နေတာဖြစ်ပြီးဒယ်ဒီ့ရဲ့Nightingale Hospitalဖြစ်မည်ဟုယူဆမိသည်..ထိုအခန်းထဲတွင်မေ့လက်တစ်စုံကိုဆုပ်ကိုင်ပေးထားတဲ့ဒယ်ဒီရယ် မေ့ဘေးနားမှာထိုင်နေတဲ့ကြီးကြီးမြရယ်..ဒီ၂ယောက်သာရှိလို့နေ၏..မေ့ရဲ့မိသားစုဝင်တွေမေနဲ့အတူရှိနေသည်မို့မေဝမ်းသာပေမယ့်ထိုဝမ်းသာမှုထက်ဟိုကလေးကိုမတွေ့ရသည်မို့ဝမ်းနည်းမှုကပိုလို့ကြီးစိုးသွား၏..

"မေလေး..ဘာဖြစ်လို့လဲသမီး..မျက်နှာလည်းမကောင်းပါလား..နေလို့မသက်သာသေးဘူးလားသမီး.."

"မေ..မေသက်သာပါတယ်ဒယ်ဒီ.."

ဆေးရုံကိုမင်းပါတောင်မလာဘူးလားကလေး..မင်းပါတောင်မလာခဲ့တာလား..

ထိုစဉ်..

"ဦးဦး...မမသတိမရသေးဘူးလားဟင်.."

စကားတစ်ပြောပြောနှင့်တံခါးကိုတွန်းဖွင့်ကာဝင်လာသောကြယ်စင်သစ်..လက်ထဲမှာကြေးအိုးထုပ်ကိုကိုင်လျှက်လောလောလောလောနှင့်ပြန်လာသောသူမ..

ကောင်းကင်ပျောက်တဲ့ကြယ်(Completed)Kde žijí příběhy. Začni objevovat