အပိုင္း(၁၁)

3.4K 176 31
                                    

[Unicode]

🚨🚑🚨🚑🚨🚑

ဆေးရုံသို့လူနာတင်ကားတစ်စီးအလျင်အမြန်ဝင်ရောက်လာလေသည်..ထိုကားပေါ်ကနေလူနာတင်ကုတင်၁လုံးထွက်လာကာဆေးရုံထဲသို့တွန်းဝင်သွား၏..ထိုခုတင်ပေါ်မှာလဲှနေသူကသွေးအလိမ်းလိမ်းစိုရွှဲနေတဲ့၁၇နှစ်အရွယ်မိန်းကလေးတစ်ဦး..

"သစ်...သစ်..သစ်..သစ်ဘာမှမဖြစ်ရဘူးနော်..သစ်.."

ငိုကြွေးလျှက်ဘေးကနေပြေးလိုက်နေသူကားခပ်ချောချောမိန်းမပျိုတစ်ဦး..ထိုသူကား..မေအက်စစ်..လူနာတင်ကုတင်ဟာခွဲစိတ်ခန်းထဲဝင်သွားသည်အထိသူမပြေးလိုက်နေမိရှာသည်..

သစ်ရယ်...အဲ့လောက်ထိသူ့ကိုချစ်တာလား..ဘာလို့ကိုယ့်အသက်ကိုတောင်တန်ဖိုးမထားတဲ့အထိလဲ..အဲ့လောက်တောင်လား..သစ်သူ့ကိုအဲ့လောက်တောင်ချစ်တာတဲ့လား..

▶▶▶▶▶▶▶▶▶▶

"ခင်ဗျားဘယ်ကိုမောင်းနေတာလဲ.."

"ငါမင်းကိုအဆုံးရှုံးမခံနိုင်ဘူးသစ်..ငါမင်းကိုအရမ်းချစ်တာ..မင်းကိုငါပဲပိုင်ချင်တာ..ဟုတ်တယ်..ငါပဲပိုင်ရမယ်..အခုငါမင်းကိုအဝေးဆုံးတစ်နေရာကိုခေါ်သွားမလို့..ငါတို့၂ယောက်တည်းရှိနိုင်မယ့်နေရာကိုခေါ်သွားမယ်.."

အရှိန်ပြင်းစွာမောင်းလျှက်ဒေါသတကြီးဖြစ်နေသောမေအက်စစ်ကိုကြည့်ရင်း..

"မလိုက်ဘူးနော်..ခင်ဗျားကိုကျွန်တော်အရမ်းမုန်းတယ်..ခင်ဗျားကိုမချစ်ဘူး..ကျွန်တော့်မှာချစ်သူရှိတယ်..ကျွန်တော်ခင်ဗျားကိုမချစ်ဘူး.."

မေအက်စစ်ကသူမရဲ့နှုတ်ခမ်းပါးကိုတစ်ခြမ်းမြှောက်ပြုံးလျှက်..

"မင်းချစ်စရာမလိုဘူး..မင်းမချစ်လည်းငါကချစ်တာမို့..မင်ကိုငါပိုင်နေရင်ရပြီမို့..တခြားဟာမလိုဘူး.."

"ကားကိုအခုရပ်..အခုရပ်လို့ပြောနေတယ်နော်မေအက်စစ်...အခုချက်ချင်းရပ်.."

"မရပ်ဘူး..လုံးဝမရပ်နိုင်ဘူး..မင်းကိုငါကလွဲပြီးဘယ်သူမှမပိုင်စေရဘူးသစ်.."

"အေး..ကြည့်ကြသေးတာပေါ့.."

"သစ်................"

ကားတံခါးအတင်းဆွဲဖွင့်ကာကားပေါ်ကခုန်ချပြီးလမ်းမပေါ်ပြုတ်ကျသွားသောသစ်ရဲ့မြင်ကွင်းကြောင့်မေ့မှာဆွံ့အသွားခဲ့ရလေသည်..

ကောင်းကင်ပျောက်တဲ့ကြယ်(Completed)Where stories live. Discover now