Part 2 (unicode ver)

1.1K 36 0
                                    

ခတ္တာဟူသည်မှာ

ကျမနမည်ကခတ္တာ။ခတ္တာတဲ့..ဖေဖေနဲ့မေမေကနမည်လေးလှလှလေးပေးထားခဲ့တာပေါ့😁။ခတ္တာကတစ်ဦးတည်းသောသမီးပေါ့။တစ်ဦးတည်းသောသမီးဆိုတော့ဖေနဲ့မေရဲ့အဆိုးလေးပေါ့။ငယ်ငယ်ထဲကခတ္တာဆိုတာကျောင်းမှာတစ်ခုမဟုတ်တစ်ခုပြသနာရှာခဲ့မိတဲ့ကလေးတစ်ယောက်။

ကြီးလာတော့လဲမပြောင်းလဲသေးပါဘူး။ထိုနည်းလည်းကောင်းပါပဲ။ဖေနဲ့မေကအလိုလိုက်ထားတော့ခတ္တာအတွက်ဆိုးချင်တိုင်းဆိုးလို့ရမယ့်အခွင့်အရေးရနေတာပေါ့။ဆိုးတယ်ဆိုပေမယ့်ခတ္တာကနွဲ့ဆိုးဆိုးမိရုံပါ။ကျောင်းမှာလဲဆရာမရဲ့attentionလိုချင်လို့ဆိုးမိတယ်။အိမ်မှာလဲဖေနဲ့မေကိုချွဲပီးဆိုးတယ်။ဒါပေမယ့်ခတ္တာကစိတ်ရင်းတော့ကောင်းပါတယ်နော်။သူတစ်ပါးအပေါ်မှာဘယ်တော့မှမယုတ်မာဘူး။မကောက်ကျစ်ဘူး။

ပီးတော့ခတ္တာမှာအကျင့်တစ်ခုရှိတယ်။မတရားတာမြင်ရင်အတင်းလက်ပိုက်မကြည့်တတ်ဘူး။ မှန်တယ်ထင်ရင်ကိုယ့်ထက်ကြီးနေလဲဂရုမစိုက်တတ်။ယောကျ်ားလေးတွေနဲ့နပန်းလုံးရမှာလဲမကြောက်။ဒါမယ့်ခုထိတော့အဲ့လိုမလုပ်ဖူးသေးပါဘူး😁။
ခတ္တာရှစ်တန်းပီးတော့ဖေကအဆောင်အပ်မယ်ဆိုပီးကျောင်းကထွက်ခိုင်းလိုက်တယ်။

အဆောင်ရှာရင်း ဟိူအဆောင်နဲ့အဆင်မပြေဒီအဆောင်နဲ့မတည့် အဲ့လိုနဲ့ပဲခတ္တာTHSကျောင်းတစ်ခုကိုရောက်လာခဲ့တယ်။

တစ်ခုတော့ကောင်းသား။ခတ္တာကငယ်ထဲကအင်္ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာလေ။ဖေနဲ့မေကလဲခတ္တာဖြစ်ချင်တာကိုအားပေးတယ်။သမီးရဲ့ဘဝလမ်းကိုဝင်နှောက်ယှက်မှာ ပိတ်ပင်မှာမျိုးမရှ်ိခဲ့ဘူး။မေကတော့အမြဲခတ္တာကိုဆုံးမရှာတယ်။သမီးဖြစ်သူလမ်းမှားရောက်မှာကိုစိုးရိမ်သည်ကိုး။

ခတ္တာနားလည်ပါတယ်။သမီးကဆိုးပေမယ့်မမိုက်မဲပါဘူး။အခြေအနေပေါ်မူတည်ပီးရောမကိုရောက်ရင်ရောမလိုကျင့်တတ်ပါတယ်။တစ်ခါတစ်ခါအမြင်မကြည်ရင်အော်တတ်တာလေးကလွဲရင်ပေါ့။ငယ်ထဲကခတ္တာကစ်ိတ်ဆက်တယ်။ကိုယ့်ရှေ့မှာသူများအတင်းပြောတာမျိုးကိုခတ္တာလုံးဝမကြိုက်ဘူး။ဖေကမှာဖူးတယ် သူတစ်ပါးပစ္စည်းကိုဘယ်တော့မှမတရားမယူနဲ့ ကိုယ့်ပစ္စည်းကိုလဲမတရားအယူမခံနဲ့တဲ့။
ခတ္တာသတိရပါသေးသည်။THSကိုစရောက်တုန်းကပြသနာတက်ခဲ့ရဖူးသေးတာကို။

ကျောင်းသားတစ်ယောက်နဲ့ပေါ့။ ထိုကျောင်းသားကမိန်းခလေးတွေကိုလိုက်စ ဆရာစာသင်နေလဲသူများတွေကိုလိုက်နှောက်ယှက်....ဆရာဆူရင်ငြိမ်လိုက်တယ်..ပီးရင်ပြန်လုပ်တာပါပဲ...
ထိုနေ့ကဆရာမလာသေးခင်ပေါ့။ခတ္တာစာအုပ်လေးဖွင့်ပီးအိမ်စာလေးတွေပြန်ကြည့်နေမိတယ်။tutoဖြေရမည်ကိုး။ စာကြည့်နေတုန်းဘေးနားကိုထိုကောင်လေးကရောက်လာပီးစကားလာပြောသည်..
"ဟိတ်..လုပ်မနေနဲ့...စာဆိုတာလုပ်ရမယ့်အထဲမပါဘူး"

"........."

"ဟာ..ဟေ့မင်းကိုငါပြောနေတာလေ မာနကြီးတာလား ဘာလဲ....😶"

"😒😒..''

"ပြောလေပိုစိုးလေ.. 😡မင်းကိုမင်းဘာများမှတ်နေလဲ''

"......''

"Oh ဒီမှာ မင်းဘာအချိုးချိုးတာလဲ😏😏''

"ပြောလို့ပီးဘီလား ပီးရင်သွားတော့ ငါစာဆက်လုပ်လိုက်အုံးမယ်''

"ဟာ မင်းဘာအချိုးချိုးတာလဲ..စကားလေးတောင်ပြန်မပြောနိုင်ရအောင်...''

ပြောလဲပြော ခတ္တာစာအုပ်ကိုလာပိတ်လေတော့သည်
"😡ဘာလုပ်တာလဲ..ငါ့စာအုပ်ကို...ကိုယ့်ဟာကိုယ်အေးဆေးနေစမ်းဟာ..''

"အစကတော့နေမလို့ပါဘဲ...အခုတော့မင်းစောက်ခိုးကြောင့်နေချင်စိတ်ပျောက်သွားဘီ😂😂''

"မနေဘူးလား ရတယ် သတ္တိရှိရင်ယောက်ျားသာဆိုရင်ခုလိုက်ခဲ့''

"ဒီမှာနှစ်ခါခေါ်စရာမလိုဘူး''

"ပီးရော ယောကျ်ားစကားနော် ပီးမှရှောင်မပြေးနဲ့''

ပြောနေတုန်းခတ္တာဆရာ့ကိုလှမ်းတွေ့လိုက်သါါဖြင့်ါါါဆရာ့ဆီသွား၍တိုင်လေတေါါါါ့သည်ါါ။သကောင့်သားခမျာါမတော့အဆူခံလိုက်ရ၍ခတ္တာကိုကြည်မည့်ပုံမပေါ်
ခတ္တာကိုယ့်ကိုကိုယ်လွန်တယ်လို့တော့မထင်မိခဲ့တာအမှန်ပဲ။

အတန်းဆငိးတော့ဘေးနားလာကာ
မင်းမှတ်ထားဆိုသည့်အကြည့်တို့မျက်စောင်းထိုးသွားသေးသည်။ ဘယ့်နှယ့် ယောကျ်ားဖြစ်ပီးအဲ့လိုမျက်စောင်းထိုးတတ်သေးတယ်လား😂😂။

ပြန်ရောက်တော့ဖေနဲ့မေကိုအကြောင်းစုံပြောပြလိုက်တော့ ဖေကတော့ဘာမှမပြော

မေကတော့ အွန်း မေကတော့ဆူတာပေါ့ နင်ကိုကစပ်စလူးထနေမှာပေါ့တဲ့ ဒီကကိုယ့်ဟာကိုယ်အေးအေးဆေးဆေးနေနေတာပါနော်😢
##########
####
###########
တိုသွားလား😢
အတင်းတွေဆိုးခိုင်းထားရတာ😁
အမှားပါရင်ဖြစ်ဖြစ် အရေးအသားညံရင်ဖြစ်ဖြစ် ခွင့်လွှတ်ပေးကြပါနော်
အနော်လဲတတ်သလောက်မှတ်သလောက်လေး ဖတ်ဖူးသလောက်လေးကိုးကားရေးထားရတာပါ
😍😍😍

Memories |completed|Where stories live. Discover now