Part 17 (Unicode ver)

519 28 0
                                    

သောကြာနေ့မို့လို့ခတ္တာကောမဉ္ဇူ ပါအဆောင်ကပ်နေကြသည်။

ကုတင်လေးပေါ်မှာခတ္တာရဲ့ပေါင်လေးပေါ်ခေါင်းလေးတင်ရင်း
"ခတ္တာ...ချစ်...''

"ပြောလေbabeလေးရဲ့...''

"မနက်ဖြန်ကာဘာနေ့လဲ....''

"စနေနေ့ပေါ့.... ''

"ဟမ်...ပြန်ဖြေစမ်း....''

"စနေနေ့မဟုတ်လို့လားbabeရဲ့...ဒီနေ့သောကြာမနက်ဖြန်စနေ....ဒါမှမဟုတ်ကျောင်းပိတ်ရက်များလား.....''

"ဘာ....😒''ပြောပြောဆိုဆိုနှင့်ပင်အိပ်နေရာကထရင်း

"ဘာဖြစ်လို့လဲbabeရဲ့....''

"ဘာမှမဖြစ်ဘူး...''

ခတ္တာပြုံးလိုက်မိသည်။ထို့နောက်မိမိအိပ်ကပ်လေးထဲမှကျောက်လက်ပတ်လေးတစ်ခုကိုထုတ်လိုက်ရင်းမဉ္ဇူ ကိုဆွဲလှည့်လိုက်သည်။ထို့နောက်မဉ္ဇူရဲ့ပါးလေးကိုဖွဖွလေးနမ်းလိုက်ရင်း

"ကလေးလေး...မနက်ဖြန်ဆိုကိုယ်တို့ချစ်သူဖြစ်တာတစ်လပြည့်လေကွယ်...မေ့ပါ့မလားလို့....''

"😒😒😒''

"လက်ပေး...''

"လက်....''

"Omm...လက်ပေး....''

မဉ္ဇူ လဲကြောင်ကြောင်လေးနှင့်ပင်
ခတ္တာကတော့အသင့်ထုတ်ထားသောလက်ပတ်လေးကိုမဉ္ဇူ ကိုပတ်ပေးလိုက်သည်။

"လိုက်တယ်သိလား...babeနဲ့လိုက်တယ်...''

"ဟီး...လှလဲလှတယ်နော်...အာ့တွေကြောင့်ချစ်နေရတာ...မွ😙''

"အွန်း...ခုနကစိတ်ကောက်နေတာဘယ်သူများပါလိမ့်...''

"ကောက်မှာပေါ့...ကျမကရှင်ကြီးမေ့နေတယ်ထင်တာကိုး...
သိရဲ့သားနဲ့မေးနေတာကိုမဖြေဘူး....''

"ဟီးစတာပါကွာ....''

"ခတ္တာ....''

"ရှင့်....''

"မနက်ဖြန်dateရအောင်....''

"Date?...''

"ဟုတ်တယ်...ရှင်နဲ့dateချင်လို့...တစ်နေကုန်😁😁''

"ဘယ်သွားချင်လို့လဲကလေးက....''

"မသိဘူး...တစ်နေကုန်ရှင်နဲ့ရှိချင်တာပဲသိတယ်....''

Memories |completed|Hikayelerin yaşadığı yer. Şimdi keşfedin