Part 15 (unicode ver)

518 24 0
                                    

Warning ပြောလိမ့်မယ်warningပြန်ပြီလားဆိုပြီ😁😁
ဒါမယ့်အနော့်warningကwarningစရာတောင်မလိုပါဘူးရယ်

+နည်းနည်းဆန်တဲ့အခန်းလေးမို့ပါ နည်းနည်းဆိုနည်းနည်းပါ

_____________♥♥♥

"ဟာသွယ်....မင်းဘယ်တုန်းကရောက်လာတာလဲကွ.....''

"မကြာသေးပါဘူးကွာ..မင်းနဲ့တိုင်ပင်စရာလေးတွေရှိတယ် လူချင်းတွေ့ပြီးပေါ့....''

"Aww..သိပြီသိပြီ....သားရေ..မင်းမမကိုခြံထဲလိုက်ပို့ပေးလိုက်ပါအုံးကွ မင်းမမပျင်းနေမဆိုးလို့....''

"ဟုတ်...မမလာကျနော်နဲ့ခြံထဲသွားရအောင်....''

"လာသွယ်...ကိုယ့်အခန်းဆီလိုက်ခဲ့....''

"ထား...ကိုယ်ဘာဆက်လုပ်သင့်လဲ...သမီးလေးအခြေအနေဆိုးသွားမှာလဲကြောက်တယ်
ကိုယ့်ပတ်ဝန်းကျင်ကကိုယ့်ကိုဘာတွေပြောပြောပါကွာကိုယ်ခံနိုင်ရည်ရှိခဲ့တာပဲ...သမီးလေးကတော့ငယ်သေးတယ်....ကိုယ့်လိုမျိုးမဖြစ်စေချင်ဘူး....''

"သွယ်...မင်းစိတ်တွေအရမ်းလေးနေပြီထင်တယ်....
ကိုယ်အကြံပေးမယ်နော်...မင်းခတ္တာလေးနဲ့သေသေချာချာစကားပြောကြည့်ပါလား...သူလေးကိုမဉ္ဇူ လေးရဲ့အကြောင်းကိုသေသေချာချာလေးရှင်းပြထားသင့်တယ်ထင်တယ်.....

သူဘက်ကလက်ခံနိုင်ရင်မင်းမတားသင့်ဘူး
မင်းလဲခံစားဘူးခဲ့တာပဲမဟုတ်လား....''

"ဟုတ်တယ်.....ကိုယ့်လိုမျိုးသမီလေးကိုမဖြစ်စေချင်ဘူး
အဟင့်...ကိုယ်ခံစားခဲ့ရသလို...ကိုယ်နာကျင်ခဲ့ရသလိုမျိုးမနာကျင်မခံစားစေချင်ဘူး...ကိုယ်...အဟင့်...ကိုယ်''

အချစ်ဆုံးသူငယ်ချင်းရဲ့ရှေ့ရောက်မှပဲရင်ထဲမှာတစ်ဆို့နေသောအကြောင်းအရာများကိုဖွင့်ထုတ်ပီးငိုချလိုက်သည်။သမီးလေးအကြောင်းကိုသိသိချင်းကိုယ်အရမ်းစိတ်မကောင်းဖြစ်ခဲ့ရသည်။

သို့သော်သမီးလေးကိုအပြစ်မတင်ရက်...
မိမိမွေးခဲ့သည်သမီးလေးကိုမိမိလိုမဖြစ်စေလို
အတင်းတားပြန်ရင်လဲသမီးလေးရဲ့အခြေအနေကစိုးရိမ်အမှတ်မှာမို့အတင်းအကျပ်လဲမလုပ်ရဲ.....

တစ်ဖက်မှာလဲ....

"မမ...ကျနော်မမကိုမေးစရာရှိလို့......''

Memories |completed|Where stories live. Discover now