Part 10 (unicode ver)

546 22 0
                                    

"သားကြီး ငလင်း  ငါနဲ့ခနလိုက်ခဲ့ပါလား''

"ဘယ်သွားမလို့လဲ''

"ဟို...ငါ့အမေခိုင်းထားတာလေးရှိလို့
သူ့သူငယ်ချင်းသမီးတစ်ယောက်ကိုမုန့်သွားပို့ပေးပါအုံးတဲ့''

"သွားပါလားဟ မလိုက်ချင်ပါဘူး''

"သားကြီးကလဲကွာ အပြန်ကျရင်မင်းကိုမုန့်လိုက်ကျွေးပါမယ်ကွာ ငါတစ်ယောက်ထဲမလို့ပါ''

"မင်းတစ်ယောက်ထဲဆိုလဲပီးတာပဲကွာ ပြန်ကာကျရင်တော့မင်းကတိအတိုင်းမုန့်လိုက်ကျွေးရမှာနော်''

"စိတ်ချပါကွာ ငါဘယ်တုန်းကမင်းကိုဂျင်းထည့်ဖူးလို့လဲ''

တကယ်တော့မေမေမခိုင်းခဲ့ပါဘူး။
မကိုတွေ့ချင်လွန်းလို့မေမေ့ဆီကနေမရဲ့အဆောင်လိပ်စာကိုမေးထားမိတာ။ခုလဲအကြောင်းမရှိအကြောင်းရှာပြီးလင်းထက်အဖော်ခေါ်နေမိတာ။

မကိုကျနော်တွေ့ချင်တယ်။လူကြီးပုံစံမျိုးလေးဆုံးမတာကိုကျနော်သဘောကျတယ်။မနဲ့စကားပြောရတာပျော်တယ်။

X X X X X

ခန့်သွင်နဲ့လင်းထက်တို့နှစ်ယောက်အဆောင်ရှေ့လေးမှာယောင်လည်လည်နှင့်

ခဏနေတော့အဆောင်ထဲကနေမိန်းခလေးတစ်ယောက်ထွက်လာတာမြင်တော့

"ငလင်း...အဲ့အစ်မကိုမေးကြည့်ရအောင်''

".....''

"ငလင်း''

"......''

"ဟေ့ကောင်ငလင်း.....''

"ဟာ...ဘာလဲကွာ....လန့်လိုက်တာ''

"လန့်မှာပေါ့ မင်းကနှာထနေတာကိုး''

"ငါတို့အခန်းထဲကကောင်မလေးတွေချောလှပြီမှတ်တာကွ....အဲ့မမနဲ့ယှဉ်လိုက်တော့ လုံးဝကိုတစ်ခြားဆီပဲကွာ''

"ကဲပါကွာ လာပါ အဲ့အစ်မကိုမေးကြည့်ရအောင်''

"အစ်မ...တစ်ခုလောက်မေးချင်လို့...''

"Omm..မေးပါ ရပါတယ်...မြန်မြန်တော့မေးကွ
ကိုယ်လဲအချိန်သိပ်မရလို့''

"ဒီအဆောင်မှာလေ မမဉ္ဇူသွေးဆိုတဲ့အစ်မရှိလားဗျ''

ခန့်သွင်ရဲ့အမေးကိုတွေတွေလေးစဉ်းစားပြီးတော့မှ

Memories |completed|Where stories live. Discover now