Part 25 Final (Unicode ver)

2.3K 54 0
                                    


"သွယ့်သမီးလေးကမင်းသမီးလေးအပေါ်တော်တော်မတ္တာရှိနေတယ်...မင်းသမီးလေးကလဲကိုယ့်သမီးအပေါ်ချစ်လွန်းတာကိုယ်သိပါတယ်....''

"သွယ်...ကိုယ်....''

"ကိုယ်အရင်ပြောပါရစေ...မင်းသမီးကမင်းလိုမျိုးလုပ်မှာမဟုတ်ဘူးဆိုတာကိုကိုယ်ယုံပါတယ်...ဒါပေမယ့်ကိုယ့်သမီးလေးအကြောင်းကိုလဲမင်းသိသင့်တယ်မဟုတ်လား...''

"....''

"ကိုယ့်ဘဝမှာသမီးလေးစိတ်ဆင်းရဲရမယ့်ကိစ္စမျိုးကိုယ်မလုပ်ခဲ့ဘူး....ဒါကလဲသမီးလေးကြောင့်...ကိုယ့်သမီးလေးမှာနှလုံးအားနည်းရောဂါရှိတယ်.... အကယ်၍များမင်းဘက်ကကိုယ့်သမီးလေးကိုလက်ခံပေးပါ့ဆို...ကိုယ်ငြင်းစရာတော့မရှိတော့ပါဘူး....''

"သွယ်...မင်းတကယ်ပြောတာလား....ဝမ်းသာလိုက်တာကွာ....ကိုယ်တကယ်ဝမ်းသာလိုက်တာ....ကျေးဇူးအရမ်းတင်ပါတယ်.....''

"သွယ့်သမီးလေးကိုဒုတိယသွယ်မဖြစ်စေရပါဘူးလို့တော့ကတိပေးပါ....''

"သွယ်ရယ်...ဒါမေးစရာတောင်မလိုတဲ့မေးခွန်းပါ...စိတ်ချကို်ယ်ကတိပေးတယ်''

#########

10 years later(😒ဘယ်လိုကျော်ချတာလဲ😘😘)

"ဒုက္ခပါပဲကွာ labour တွေကိုသေချာမပြောဘူးလားကွာ...''

"ဟုတ်ကဲ့ဆရာ...တောင်းပန်ပါတယ်...''

"မင်းတို့တောင်းပန်နေတာပြသနာမဟုတ်ဘူးကွ..ဖြစ်လာသမျှပြသနာတွေကငါ့ခေါင်းပေါ်အရင်လာမှာ
အခုကQCလာတော့မယ်.ပီးတော့လာမှာကခတ္တာဆိုတဲ့အမျိုးသမီးကွ....''

"ကျမနမည်များကြားလိုက်လားလို့...''

"ခင်ဗျာ...မဟုတ်ပါဘူး...''

"ကျမမေးမလို့အခုမှfoundationတောင်မစစ်ရသေးဘူး columnတွေဘာလို့တက်ထားတာလဲ''

"ဟို...''

"ဟိုတွေဘာတွေကျမမလိုချင်ဘူး...engineerခေါင်းဘယ်မှာလဲ.....''

"ဟိုကျနော်ပါ...''

".QCမစစ်သေးခင်သတ်မှတ်ထားတာထက်ပိုဆောက်ခွင့်မရှိဘူးဆိုတာနားမလည်ဘူးလား...တကယ်လို့qualityပိုင်းမှာဖြစ်ဖြစ်structureနဲ့strengthပိုင်းမှာဖြစ်ဖြစ်errorတက်ခဲ့ရင်ရှင်တာဝန်ယူနိုင်မှာလား....အခုချက်ချင်းlabourတွေကိုရှင်တို့ဆောက်ထားတဲ့columnတွေအကုန်ပြန်ဖြိုချခိုင်းပါ...ဒါသာမန်အိမ်ယာမဟုတ်ဘူးဆိုတာနားလည်ထားပါ....''

Memories |completed|Where stories live. Discover now