Part 20 (Unicode ver)

526 27 0
                                    

ခတ္တာဦးကျော်ကိုကားဂိတ်လိုက်ပို့ခိုင်းပြီးအဆောင်ပြန်ဖို့လက်မှတ်ဖြတ်ထားတဲ့ဂိတ်ကိုလာခဲ့လိုက်သည်။

"ညီမလေး...ဘယ်သွားမလဲ....''

"ဟုတ်..မနေ့ကလက်မှတ်မှာထားတယ်ရှင့်...ခတ္တာဆိုတဲ့နမည်နဲ့...''

"Aww...ခုံနံပါတ်၈ရမယ်နော်ညီမ...''

"ဟုတ်....''

ဖြတ်ထားတဲ့လက်မှတ်ကိုယူပြီးခတ္တာကားပေါ်တက်လာလိုက်သည်။မိမိခုံနေရာမှာထိုင်ရင်းဖုန်းလေးထုတ်ကာနားကြပ်လေးတပ်ပီးအပြင်ဘက်ကိုငေးနေလိုက်သည်။
ဘေးနားနားမှလှုပ်လှုပ်ဖြစ်လာတော့မှဘေးကိုကြည့်လိုက်တော့သော်က....

"သော်က...နင်ဒီကိုဘာလာလုပ်တာလဲ....''

"ငါ့အကိုအခုဒီကိုတာဝန်နဲ့ရောက်နေတယ်ဟ...အဲ့တာသူ့ဆီလာတာ...ဟီး''

"အေးပါ...စာတွေကောရပြီလား...စာမေးပွဲတောင်ဖြေရတော့မယ်...''

"စာလား...အတော်လဲပြတ်နေပြီ...အဆက်အသွယ်...
အတော်လဲရနေပြီ..နောင်တတွေလေ....''

"ဟဟ..နင်တော်တော်နောက်တာပဲ...''

"နောက်တာမဟုတ်ဘူးဟ...ငါဒီတစ်semလုံးစိတ်တွေလေနေတာလဲစာတွေတောင်မကူးနိုင်ဘူးဖြစ်နေတာ....ကိုယ်ချစ်နေတဲ့သူကတစ်ခြားတစ်ယောက်ကိုစိတ်ဝင်စားနေလို့လေ....''

သော်ကစကားကိုကြားပြီးခတ္တာနည်းနည်းကသိကအောက်ဖြစ်သွားသည်။တကယ်ဆိုဒီစကားကသူ့ကိုပြောနေတယ်ဆိုတာသိသာလွန်းလှသည်။
*သော်ကရယ်...နင်ငါ့ကိုမမေ့နိုင်သေးဘူးလား....
ငါနင့်ကိုမချစ်နိုင်တာအတွက်ငါစိတ်မကောင်းပါဘူး..သူငယ်ချင်းတစ်ယောက်ထက်တော့မပိုနိုင်တာကိုကောပေါ့*

"ဒါပေမယ့်ခုငါကြိုးစားနေပါပြီ...ငါ့မှာလဲငါ့ဘဝရှိသေးတယ်လေ🙂ဒီတ်ိုင်းကုန်သွားလို့မှမဖြစ်တာ....''

''နင်တောင်ပြောင်းလဲလာပြီပဲ....''

*နင်ပဲသင်ပေးခဲ့တာပါခတ္တာရယ်...*

ခတ္တာသော်ကနှင့်စကားဆက်မပြောဖြစ်...နားကြပ်လေးတပ်ပြီးအပြင်ဘက်သာဆက်ငေးနေခဲ့သည်။စိတ်တို့ကတော့အဆောင်ဆီမှာသာ...မဉ္ဇူရောက်နေပြီဆိုတာသေချာသည်။ထိုကလေးမအစောကြီးထဲကပြန်သွားသည်ဟုဖုန်းဆက်ထားသည်။

Memories |completed|Where stories live. Discover now