Part 23 (Unicode ver)

532 24 0
                                    

ဆေးရုံဝင်းထဲမှာဆရာဝန်တွေnurseတွေပျားပတုန်းခတ်နေကြလေသည်။ဆေးရုံဝင်ဝင်ချင်းကောင်တာမှာထိုင်နေသောnurseတစ်ယောက်ကို...

"ဆရာမ...accidentနဲ့ရောက်လာတဲ့ကောင်မလေးဘယ်မှာလဲရှင့်....''

"Aww...အခု operationခန်းထဲမှာပါ...ဒီကနေတန်းတန်းသွားရင်ရောက်ပါပြီရှင့်....''

"ဟုတ်...ကျေးဇူးတင်ပါတယ်ဆရာမ....''

ညွှန်ပြလိုက်သောလမ်းအတိုင်းလျှောက်လာတော့တွေ့လိုက်ရသော operation room ဆိုသည့်ဆိုင်းဘုတ်လေး။

"ဟိုဖုန်းဆက်တဲ့တစ်ယောက်လားခင်ဗျာ....''

"ဟုတ်...သူ..သူ..ဘယ်လိုအခြေအနေရှိသေးလဲရှင့်....''

"အခုထိကျနော်တို့လဲဘာမှမသိရသေးပါဘူးခင်ဗျာမဖြစ်မနေခွဲစိတ်မှဖြစ်မယ်လို့တော့ပြောပါတယ်ခင်ဗျ...''

"သူ..သူ...အဟင့်...အရမ်းကြီးတော့မထိခိုက်မိဘူးမလား...သူဆိုးဆိုးဝါးဝါးဖြစ်တာမဟုတ်ဘူးမလား...''

"တောင်းပန်ပါတယ်..တိုက်သွားတဲ့လူကိုကျနော်တို့လိုက်ပေမယ့်မောင်းပြေးသွားတယ်ခင်ဗျ...ပီးတော့ကားဖြစ်နေတော့ပိုဆိုးသွားတယ်...နံပါတ်ပြားလဲမတပ်နဲ့မို့်....''

"ကားနဲ့...ဆိုင်ကယ်နဲ့....''
ယခုပြောလိုက်သည်ကနောက်ကရောက်လာသောခတ္တာ၏အမေဖြစ်သူ...

"ဟုတ်ကဲ့...ကျနော်တို့်မြင်သလောက်ဆိုရင်ဒီမိန်းကလေးကအမှားမရှိပါဘူး...လမ်းကြောလဲမှန်သလိုစည်းကမ်းလဲမှန်ပါတယ် နောက်ကကားကအရှိန်မထိန်းနိုင်ပဲဝင်တိုက်သွားပြီးမောင်းပြေးသွားတာပါခင်ဗျာ...တကယ်လို့စခန်းတွေမှာရှင်းရမယ်ဆိုလဲကျနော်တို့သက်သေရှိပါတယ်ခင်ဗျာ....''

"ကျေးဇူးအများကြီးတင်ပါတယ်ရှင်....သမီးလေး....သမီးလေးရယ်..ဖြစ်မှဖြစ်ရလေ.....''

"သမီးအမှားပါအန်တီအဟင့်...သမီးအတင်းပြန်ပို့ခိုင်းလို့ဖြစ်တာ....သမီးကြောင့်.....''

"စိတ်ထိန်းပါသမီးလေးရယ်...သမီးအမှားရယ်မဟုတ်ပါဘူးကွယ်....သမီးလေးမမှားသလို.အန်တီ့သမီးလေးလဲမမှားပါဘူး....တရားခံကိုအမြန်ဖမ်းမိပါစေပဲဆုတောင်းကြတာပေါ့ကွယ်....''

Memories |completed|Donde viven las historias. Descúbrelo ahora