Part 19 (Unicode ver)

485 21 0
                                    

ခတ္တာဒီတစ်ပတ်အိမ်ပြန်ဖြစ်သည်။ထုံးစံအတိုင်းပေါ့တစ်လတစ်ခါတော့အိမ်ပြန်ရမည်လေ။အိမ်ရောက်တော့ကားပေါ်မှာမဉ္ဇူ ပြောလိုက်သောစကားတို့ကနားထဲပြန်ရောက်လာလေသည်။
"ခတ္တာ....''

"ပြောပါရှင့်....''

"တကယ်လို့ခတ္တာရဲ့အိမ်ကbabeနဲ့သဘောမတူရင်ဘယ်လိုလုပ်မလဲ.....နောက်ပြီးမေမေသာသိသွားရင်မလွယ်လောက်ဘူး....''

ရှေ့ရေးကိုစိတ်ပူနေသောမဉ္ဇူရဲ့ပုံစံကတကယ်ကိုရင့်ကျက်နေသောပုံစံဖမ်းထားသည်မှာသေချာသည်၊၊
လူကြီးဆန်ချင်သောကလေးပေါက်စလေးအားကြည့်ရင်းခတ္တာပြုံးလိုက်မိသည်။

"Babeရယ်....ကိုယ်တို့တွေအတူတူရင်ဆိုင်မယ်လို့ပြောခဲ့ကြတာပဲ...ဘာပဲဖြစ်ဖြစ်တစ်နေ့ကျရင်တော့အိမ်တွေကသိလာမှာပဲလေ....''

"အတူတူရင်ဆိုင်တာကတော့ဟုတ်တာပေါ့....ဒါပေမယ့်ချစ်နဲ့babeကိုခွဲထားရင်ဘယ်လိုလုပ်မလဲ....''

"Babeရယ်.....ကိုယ်တို့အရဲတော့စွန့်ရမှာပေါ့.....''

"ဒါပေမယ့်....babeကြောက်တယ်.....''

"ကဲဘာမှမကြောက်နဲ့နော် ဘာပဲဖြစ်ဖြစ်အတူတူရင်ဆိုင်ရမှာပဲလေ....ခုတော့ဘာမှစိတ်မပူနဲ့အုံး...ဟုတ်ပြီလား.....''

"မဟုတ်ဘူး...babeကြောက်တာခတ္တာbabeကိုထားခဲ့မှာကို...
အိမ်ကသဘောမတူလို့ဆိုပြီးထားခဲ့ရင်ခတ္တာbabeနဲ့မတွေ့အောင်နေပါ....တွေ့ရင်တွေ့တဲ့နေရာမှာသတ်မှာဗျ ပြီးရင်ကိုယ့်ကိုကိုယ်ပါအဆုံးစီရင်ပြီးနှစ်လောင်းပြိုင်လုပ်ပြစ်မှာမို့....''

အစိုးရိမ်လွန်နေသောbabyလေးရဲ့ပုံစံကတော့အပိုပြောမည့်ပုံမပေါ်
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔

"မေမေ....''

"😳😳ပြောလေသမီးလေးရယ်....''

"မေမေ့ကိုသမီးဝန်ခံစရာရှိလို့.....''

"ဝန်ခံစရာ....''

"ဟုတ်...ဟိုလေ....သမီးမှာ....ချစ်သူရှိနေပြီမေမေ....''

"သမီးလေးပြောမှပြောပါ့မလားလို့....''

"မေမေ... မေမေဘယ်လိုသိတာလဲ....''

"သမီးကမေမေ့ရဲ့သမီလေးပါ...သမီးလေးပြန်လာတိုင်းပြောင်းလဲနေတဲ့သမီးရဲ့အမူအယာတွေကိုမေမေရိပ်မိတာပေါ့သမီးလေးရဲ့...ပြောပါအုံးသမီးရဲ့ချစ်သူကဘယ်ကလဲ...မိဘတွေကကောဘာတွေလုပ်လဲ....''

Memories |completed|Where stories live. Discover now