Part 6 (unicode ver)

622 30 0
                                    

ခတ္တာလက်မောင်းကတော်တော်လေးကျိန်းနေတာမို့ရုတ်တရက်နိုးလာသည်။နာကျင်နေတဲ့နေရာကိုကြည့်မိတော့ကိုယ့်ရဲ့ရင်ခုန်ရသူလေး။

မနေ့ညနေကအဖြစ်အပျက်ကိုသူစဉ်းစားလို့မရပါ။
ဘာကြောင့်မို့လို့သူငိုရတာရလဲ နောက်ပီး ဘာကြောင့်မို့..
ခတ္တာမတွေးတတ်တော့
သူသိတာကညနေကသူ့ကိုရုတ်ရက်လာဖက်တာရယ်
တစ်ချက်တစ်ချက်ရှိုက်သံလေးသဲ့သဲ့ရယ်...ထို့နောက်သူမလေးအိပ်ပျော်သွားခဲ့လေတယ်။မောသွားတယ်ထင်ပါရဲ့။အိပ်ပျော်နေတာနိုးသွားမည်စိုး၍ ခတ္တာအသာလေးလှဲပီးနှစ်ယောက်သားတစ်ညတာကိုတော့ကုန်ဆုံးခဲ့တာအမှန်။

ခတ္တာမသိမသာလေးမဉ္ဇူနဖူးလေးကိုဖွဖွလေးခိုးနမ်းလိုက်မိသည်။ အဇူ ငါ့မနက်ခင်းလေးကိုမင်းရဲ့ကိုယ်သင်းရနံလေး မင်းရဲ့မျက်နှာနုနုလေးနဲ့အစပြုရတာလေ ငါ့အတွက်တော့တန်ဖိုးမဖြတ်နိုင်ဘူးသိလား။ ဒီလိုလေးနေ့တိုင်းဖြစ်ချင်မိတယ်ဆိုရင်လေ ငါ့အလွန်များဖြစ်သွားမလား။

နင်နဲ့ပတ်သတ်တဲ့ခံစားမှုတွေ နင်နဲ့ပတ်သတ်တဲ့ရင်ခုန်သံတွေ ငါခံစားတတ်နေပြီလားတောင်မသိတော့ဘူး။ ဒါပေမယ့် နင်ကကော ငါ့ကြောင့်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုတွေ ချုံ့ချမှုတွေ အဲ့တာတွေကိုခံနိုင်ရည်ရှိပါ့မလား။ မဟုတ်သေးပါဘူး ငါအတွေးလွန်သွားတယ်။ ငါကဒီလိုဖြစ်တည်မှုဆိုတာသာနင်သိရင် နင်ငါ့အနားမှာတောင်ရှ်ိချင်ပါ့မလား။ရွံရှာသွားမလား။

အဇူ....ငါ့ရဲ့ရင်ခုန်သံတွေကိုညာရတာလေ ငါ့အတွက်မလွယ်ကူဘူးဟ။နင်ကိုဘေးနားမှာထားပီးငါတစ်ယောက်ထဲစိတ်ကူးယဉ်ပီးရူးနေရတာကလေ တကယ်လက်တွေ့မဟုတ်တာမှန်းသိရတဲ့စိတ်က အောင့်သက်သက်

"ဟိတ် ခတ္တာ ဘာတွေတွေးနေတာလဲ....''

"အမ် အဇူအာ မဉ္ဇူ.....နိုးနေပီလား''

"နိုးပါ့ ကျုပ်နိုးတော့တော်ကြီးကအတွေးတွေလွန်နေတာလေ ဘာလဲကောင်လေးကိုလွမ်းနေတာလား''

"ကောင်လေး အမလေး အနော့်မှာချစ်ရမယ့်ကောင်လေးမရှိပါဘူးဗျာ''
ချစ်ရမယ့်ကောင်မလေးတစ်ယောက်တော့ရှိနေတယ်အဇူ အဲ့တာနင်ကိုယ်တိုင်ပါ

Memories |completed|Where stories live. Discover now