introduction

18.5K 755 7
                                    

"၂ ပတ်​အတွင်း အသည်းအစားမထိုးနိုင်​ရင်​ ​မောင်​ရင့်​ ညီမ​လေး အ​ခြေအ​နေ​ကောင်းမလားနိုင်​ဘူး ဝမ်​ရိ​ပေါ်"

"ဗျာ !"

ဝမ်​ရိ​ပေါ် ​ဆေးရုံ လူနာကုတင်​​ပေါ်မှာ အိပ်​​ပျော်​​နေတဲ့ ၁၀နှစ်​အရွယ်​က​လေးမ​လေးကိုကြည့်​ရင်းမျက်​ရည်​ကျတယ်
ဝမ်​ရိ​ပေါ်က သူ့အသည်း ​ပေးရမယ်​ဆိုလည်း​ပေးလိုက်​နိုင်​​ပေမဲ့ ​ဆေးစစ်​ချက်​​တွေအရ ကိုက်​ညီမှူမရှိပါတဲ့

"ငါပိုက်​ဆံအရမ်းလို​နေတယ်​ ကျိုးချန်​"

ကျိုးချန်​ဆိုသူက​ဆေးလိပ်တိုလက်​ကြားထဲညှပ်​လို့

"ဒီရက်​ပိုင်း ဘာအလုပ်​မှမဆက်​သွယ်​ဘူး ရိ​ပေါ် ဘယ်​​လောက်​​တောင်​လို​နေလို့လဲ?"

ဝမ်​ရိ​ပေါ်က ခဲတစ်​လုံး​ကောက်​ပြီး ​ရောက်​မိ​ရောက်​ရာ ပစ်​တယ်

"လီလီ အသည်းအစားထိုးရမယ်​တဲ့"

ကျောက်​စိမ်း​ရောင်​မျက်​နှာပိုင်​ရှင်​ ဟာ မျက်​ဝန်းမှာမျက်​ရည်​​တွေဝဲလျက်

"ခွဲရစိတ်​ရပြီဆို ပိုက်​ဆံ​တွေသိပ်​ကုန်​တယ်​ "

"ကုန်​ပါ​စေ ငါ့အသက်​ကို​ပေးပြီးရှာရမယ်​ဆိုလည်းဖြစ်​တယ်​"

ကျိုးချန်​က စိတ်​ပျက်​လက်​ပျက်​နဲ့ ​ပြောလာတယ်

"​ငွေရှိ​ရေလျှံ​နေတဲ့ မမ​တွေရဲ့ အချစ်​​တော်​လုပ်​ပါလား"

ဝမ်​ရိ​ပေါ်က ကျိုးချန်​ဘက်​လှည့်​ပြီး မျက်​​မှောင်​ကြုတ်​တယ်

"အချစ်​​တော်​?..... အဲ့ဒါဘာကြီးလဲ?"

ကျိုးချန်​က​တော့ရယ်​​နေတယ်

"မမ​တွေရဲ့ဆန္ဒကိုဖြည့်​​ပေးရတဲ့​မောင်​​လေး​ပေါ့ "

ဝမ်​ရိ​ပေါ် မျက်​ခုံး​တွေက ​အ​တော်​​လေးမြင့်​တက်​သွားတယ်
ရွံစရာ​ကောင်းလိုက်​တာလို့စိတ်​ထဲ​တွေးမိ​ပေမဲ့ ပိုက်​ဆံရမယ်​ဆို သူလုပ်​မယ်

"ပိုက်​ဆံ​တော်​​တော်​ရလို့လား?"

ကျိုးချန်​က ချာခနဲလှည့်​လာပြီးမျက်​လုံး​တွေကပြူးကျယ်​​နေတယ်

Everlasting Where stories live. Discover now